ပြင်သစ်နိုင်ငံ Sainte-Soline မှာ ဆန္ဒပြသူတွေ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး လူ ၂၀၀ကျော် ဒဏ်ရာရ

ပြင်သစ်နိုင်ငံ Sainte-Soline မှာ ဆန္ဒပြသူတွေ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး လူ ၂၀၀ ဒဏ်ရာရခဲ့ပါတယ်

ပြင်သစ်နိုင်ငံ အနောက်ဘက်ရှိ Sainte-Soline ကွန်မြူနတီတွင် ဆန္ဒပြသူများနှင့် တရားဥပဒေစိုးမိုးရေးတို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း အနည်းဆုံး လူ ၂၀၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း BFMTV က ဖော်ပြခဲ့ပါတယ်။

စနေနေ့တွင် စိုက်ပျိုးရေးလိုအပ်ချက်အတွက် ရေလှောင်ကန်ကြီးတစ်ခု တည်ဆောက်ခြင်းကို ကန့်ကွက်သည့်အနေဖြင့် Sainte-Soline တွင် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများသည် Molotov ကော့တေးများကို အသုံးပြုကာ အနည်းဆုံး ရဲကားလေးစီးကို မီးရှိခဲ့ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့သည်။

Sainte-Soline တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲတို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း လူ ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း BFMTV မှ ပြောကြားခဲ့သည်။ ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရဲတပ်ဖွဲဝင် ၃၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။