ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာအနီးရှိ ဘိန်းစိုက်ခင်းများအား ရှင်းလင်းဖျက်စီး

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ ကွပ်ကဲမှုအဖွဲ့မှူး ၊ စခတ(၄) ပင်လောင်းတပ်နယ်တပ်မတော်သားများ ၊ မူးယစ်တပ်ဖွဲ့ ၊ စရတ(ရပခ)၊ သတင်းရဲတပ်ဖွဲ့မှ အငှားလုပ်သား (၂၀)ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော စုစုပေါင်းအင်အား ၉၂ ဦးအဖွဲ့ သည် ၂၀၂၃ မတ် ၁၅ ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ မြောက်ထီဗွာကျေးရွာ၏ အနောက်ဘက် (၂)မိုင်ခန့်အကွာရှိ အမြင့်(၂)ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း(၂၀)ဧကခန့် အား ရှင်းလင်းဖျက်ဆီးခဲ့ကြောင်း သိရှိရပါတယ်။