ဘားအံမြိုမှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသော Lactasoy ဖာ ၄၀၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၉၁၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသော Higer Express Bus တစ်စီးနှင့် Yutong Express Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲက ကုန်သေတ္တာနှစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် Single Side Decorative Laminates Paper ၆၉၀၀ ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၂၂၄၇၀၅)၊ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော Brake Lever ၁၁၂၅ ကီလိုဂရမ်၊ Brake Handle ၂၀၀ ကီလိုဂရမ် (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၃၉၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၁၆၆၃၇၀၅ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ဆက်စပ်အကြောင်းအရာများ
တရားမဝင်လက်နက်ကိုင်ဆောင်သူ ၁ ဦးအား ဖမ်းဆီးရမိ
- Admin
- October 28, 2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ယာဉ်ဝင်/ထွက်သွားလာမှုများကို စစ်ဆေးကြပ်မတ်လျက်ရှိရာ မော်လမြိုင်ဘက်မှ သထုံဘက်သို့ စီးနင်းမောင်း နှင်လာသော ဆိုင်ကယ် နံပါတ် ၆၀ယ/၄၇၆၇၀၊ Wave-S 125(ဖြူ /မဲ)ရောင် ဆိုင်ကယ်အား […]
ကျောက်ဆည်မြို့ PDF အကြမ်းဖက်အဖွဲ့ ထောင်ထားသည့် လက်လုပ်မိုင်းပေါက်ကွဲ
- ပုည
- May 6, 2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နယ်၊ ဆူးကုန်းရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ဗိုလ်ချုပ်ပန်းခြံကြား ရုံးကြီးသွားလမ်းဘေးတွင် မေလ ၆ ရက်နေ့ နံနက် ၆ နာရီ […]
ကြာအင်းဆိပ်ကြီးက လျှပ်စစ်ရုံးကို KNU/PDF အဖွဲ့များက မိုင်းခွဲဖျက်ဆီး
- အေးခင်
- July 7, 2023
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဦးချွန်ကျေးရွာ၊ မြို့အဝင်လမ်းရှိ ဓာတ်အားခွဲရုံအား ယနေ့ ဇူလိုင်လ ၇ ရက် နံနက် ၈ နာရီကျော်အချိန်က KNU/PDF အဖွဲများက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း […]