အိမ်ချက်မာလာရှမ်းကော

မာလာရှမ်းကောအနှစ်ထုပ် ၁ထုပ်
အသားတစ်မျိုးမျိုး (ကြက်၊ဝက်)
အကင်လုံး အကင်ချောင်းများကြော်ထားပါ
နှစ်သက်ရာအသီးရွက်
-ကန်စွန်းရွက်
-အပ်မှိ
-ပြောင်းဖူး
-မုန်ညှင်းရွက်

ကော်ချောင်း ၊ ခေါက်ဆွဲ ၊ ရေစိမ် ၊ ကြက်တောင်ပံတု
ပဲလိပ် ၊ ကြွက်နားရွက်မှိ
အကုန်လုံးကို တစ်မျိုးချင်းစီအသင့်ပြုတ်ပြီး
ဆယ်ယူထားပါ
ဆီခပ်များများထည့် ငရုတ်သီးခြောက်ထည့်ကြော်ပါ
ကြွပ်ရင်ဆယ်ယူထားပါ အသားပါးပါးလှီးထည့်ကြော်ပါ
အသားများမာတင်းလာပြီဆို ဂျင်းထောင်းပြီးထည့်ပါ
ကြက်သွန်ဖြူထုပြီး ၂ခုလုံးထည့်ကြော်ပါ
မာလာရှမ်းကောအနှစ်ထည့်ပါ
အထုံကြိုက်ရင် ဟွာကျောင်းစေ့ထည့်ပါ
မွှေပါ ရေထည့်ပါ ပွက်ပွက်ဆူပြီး
ရေမကျဲမခမ်းအနေထားဆိုမီးပိတ်ပါ
ဆား ကြက်သားမှုန့်ထည့်ပါ
ငရုတ်သီးခြောက်ညှပ်ထည့်ပါ
အသားချောင်း အကင်လုံးလှီးထည့်ပါ
ပြုတ်ထားတာများရောပြီး
သမအောင်မွှေပါ
အရသာလိုသလိုပြင်ဆင်ပါ
မြေပဲ နှမ်းဖြူးရင်ရပါပြီ

တစ်သောင်းခွဲဖိုးဆို လူ၄ယောက် ဗိုက်အဝဆွဲလို့ရပါတယ်