မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာအနီးတွင် PDFများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ရက် ညနေ ၄ နာရီခွဲခန့်တွင် မြောင်မြို့နယ်၊ မရိုးကုန်းကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များအား အဖျက်အမှောက်လုပ်ရပ်များ လုပ်ဆောင်နေသော PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF များဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရပါတယ်။
ဆုတ်ခွာထွက်ပြေးသွားသော လမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးအဖွဲ့ဝင်များက ထပ်ကြပ်မကွာ လိုက်လံရှင်းလင်းခဲ့ရာ ၎င်းကျေးရွာအတွင်းရှိ လူမနေထိုင်သော နေအိမ်များအတွင်းမှ PDF အကြမ်းဖက်သမားများ ဝှက်ထားသည့်-

  • တိုက်မိုင်းအခွံ ……၄ လုံး
  • လက်လုပ်စိန်ပြောင်း ဒေါက်စင် …..၁ ခု
  • ဆက်သွယ်ရေးတာဝါသုံး ဘတ္ထရီအိုး…… ၁၈ လုံး
  • ကီးပက်ဖုန်း ……..၃ လုံး
  • လက်လုပ်လက်ပစ်ဗုံး …..၆ လုံး
  • ဒီတိုနေတာ …….၃၀ ခု
  • ဝါယာကြိုး …….၁ ခွေ
  • ကျည်ဆံများ
  • ယမ်းကြိုးအထုံး ………..၁ ခု
  • လက်လုပ်ပစ္စတို သေနတ် …..၁ လက်
  • ရှော့တိုက်ဂန်း …….၁ လက်
  • အိုင်ကွန် အားသွင်းခုံ …..၂ ခု
  • ဆိုင်ကယ် ဘတ္ထရီအိုး ….၂ လုံး
  • ပြောက်ကျားယူနီဖောင်း ….၅ စုံ
  • ဓားရှည် ……၁ ချောင်း
  • NLD အလံ …..၁ ခုတို့အား သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။

ZAWGYI





ကီးပက်ဖုန်း ……..၃ လုံး


ဒီတိုနေတာ …….၃၀ ခု

ဝါယာကြိုး …….၁ ခွေ

ကျည်ဆံများ

ယမ်းကြိုးအထုံး ………..၁ ခု


ရှော့တိုက်ဂန်း …….၁ လက်




ဓားရှည် ……၁ ချောင်း
