တပ်မတော် ဆေးရုံရေယာဉ်မှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု များ ဆောင်ရွက်

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် လပွတ္တာမြို့နယ်အတွင်း ရှိကျေးရွာများမှ ဒေသခံပြည်သူ ၁၉၁၀ ဦးအား ၎င်းမြို့ရှိ ဦးဟိုက်ပင့်တံတား ဆိပ်ကမ်း၌ အခြေပြု၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးသည်။