နိုင်ငံသားစီစစ်ရေးကဒ်/မှတ်ပုံတင်တွေမှာပါတဲ့( နိုင်/ဧည့်/ပြု) ဆိုတဲ့ အဓိပ္ပါယ်များ

နိုင်/ဧည့်/ပြုဆိုတာ…

မြန်မာနိုင်ငံမှာ နိုင်ငံသားပါလို့ တရားဝင်အသိအမှတ်ပြုထားတဲ့ ကဒ် ၃မျိုးရှိတယ် ..

( 1 ) နိုင်ငံသားစိစစ်ရေးကဒ်ပြား

မြန်မာနိုင်ငံသား မိဘ၂ပါးကမွေးဖွားလာသူတွေကို( နိုင် ) ကဒ်ပေးပါတယ် ..

( 2 ) ဧည့် နိုင်ငံသား..

၁၉၄၈ ခုနှစ် မတိုင်မီ မြန်မာနိုင်ငံတွင်ရောက်ရှိနေထိုင်ပြီးသူ လူမျိုးခြားမိဘ၂ပါးမှ မွေးဖွားလာသူ / ၎င်းတို့မှထပ်မံမွေးဖွားလာသူ တတိယမျိုးဆက် တွေကို ..( ဧည့် ) နိုင်ငံသားကဒ်ပေးပါတယ် ..

( 3 ) ပြု နိုင်ငံသား ..

၁၉၄၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့ရောက်ရှိနေထိုင်တဲ့ လူမျိုးခြားမိဘ၂ပါးက မွေးဖွားသူများ / ၎င်းတို့မှထပ်မံမွေးဖွားတဲ့ တတိယမျိုးဆက်များကို နိုင်ငံသားအသိအမှတ်ပြုကဒ်ပြား ( ပြု ) နိုင်ငံသားပေးပါတယ်..

( ဘယ်လိုအဆင့်တွေကွာသလဲ ) ??

..( နိုင် ) ကဒ် ကိုင်ဆောင်သူတွေက အိမ်ရှင်အဆင့်..ပထမတန်းအဆင့်ပေါ့ ..

..( ဧည့် ) ကဒ် ကိုင်ဆောင်သူတွေက ဧည့်သည်အဆင့် ( အိမ်ခေါ်ထမင်းဖိတ်ကျွေးတဲ့ ) အဆင့် ..သူက ဒုတိယအဆင့် ..

..( ပြု ) ကဒ် ကိုင်ဆောင်သူတွေက အသိအမှတ်ပြုတဲ့အဆင့် ( လမ်းမှာတွေ့ရင် နှုတ်ဆက်တဲ့အဆင့် )..သူက တတိယအဆင့် ..

( ဘယ်လိုအခွင့်အရေးတွေကွာလဲ )??

( ဧည့် ) ( ပြု ) ကဒ်ကိုင်ဆောင်သူတွေဟာ ..

နိုင်ငံတော်က အခါအားလျော်စွာသတ်မှတ်ထားတဲ့ ..ကန့်သတ်ချက်တွေကလွဲလို့ နိုင်ငံသားစိစစ်ရေးကဒ်( နိုင် ) ကဒ် ကိုင်ဆောင်သူတွေနဲ့ တန်းတူအခွင့်အရေးရရှိပါတယ် ..

( ဆိုလိုတာက )..

( ဧည့် ) ( ပြု ) နိုင်ငံသားကဒ်ကိုင်ဆောင်သူတွေဟာ..နိုင်ငံတော်ရဲ့ မဏ္ဍိုင်ကြီး ၃ရပ်ဖြစ်တဲ့ ..

အုပ်ချုပ်ရေး / ဥပဒေပြုရေး / တရားစီရင်ရေး ကဏ္ဍတွေမှာ ဝင်ရောက်ဆောင်ရွက်ခွင့်မရှိဘူး ..

တရားသူကြီး / ဥပဒေအရာရှိ / ရှေ့နေ / ဖြစ်ခွင့်မရှိ ..

ဆရာဝန် / အင်ဂျင်နီယာ / ကျောင်းဆရာ ဆရာမ ဖြစ်ခွင့်ရှိတယ် ..

မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ပိုင်ဆိုင်ခွင့်ရှိတယ် / ပတ်စ်ပို့လုပ်လို့ရတယ် စသဖြင့် စသဖြင့်ပါ ..

Crd-ဆရာခင်ဝင်း

တ/ဆ – ဥပဒေရေးရာ