ကန်လယ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား

ဒီဇင်ဘာ ၁၀ ရက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆိပ်ဖြူမြို့နယ်၊ ကန်လယ်ကျေးရွာသို့ နယ်မြေရှင်းလင်းရန် ထွက်ခွာလာစဉ်
အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်ဆွဲမိုင်း ၄ လုံးပေါက်ကွဲခဲ့ပြီးနောက်
အဆိုပါကျေးရွာအနီးတစ်ဝိုက်ကို ဆက်လက်ရှင်းလင်းစဉ်
အကြမ်းဖက်အဖွဲ့များ အခြေပြုနေထိုင်လျက်ရှိသည့် တဲ ၂ လုံးအား တွေ့ရှိသဖြင့် ပစ်ခတ်ရှင်းလင်းရာ
အကြမ်းဖက်သမားအင်အား ၃၀ ဦးခန့်က ပြန်လည်ပစ်ခတ်ပြီး မြောက်ဘက်သို့ ထွက်ပြေးသွားခဲ့ပါတယ်…
တိုက်ပွဲအတွင်းမှ
-အကြမ်းဖက်သမား ၂ လောင်း
-လက်လုပ်သေနတ် ၁ လက်
-လက်လုပ်မိုင်း ၂ လုံးရရှိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…