ချစ်တတ်လွန်းသူလေး

ဒီဘက်ခေတ် မိန်းခလေးတေ အချစ်အတွက် ရို တာကို မယ်ခွေလေးများသိရင် ရီချင်နေရော့မယ်……

နို့ ……ကုန်းဘောင်ခေတ်ရဲ့…….အချစ်မှာ မယ်ခွေလေးလောက် ရိုမက်တစ်ဆန် တာရှိပါအုံးမလားကွယ်…

💕သူ့အချစ်ကလေ💕💕💕

ခုခေတ်အဆိုအရတေ့ာ ချစ်သူတွေအကြားမှာ ဗယ်လင်တိုင်းဒေး (ချစ်သက်လက်ဆောင်) ဆိုတာ မယ်ခွေလေးက ကုန်းဘောင်ခေတ်ကတည်းက သူက စပီး ရိုခဲ့တာမျိုး 💕 အဲ့ဂလို ကြည်နူးမှုရသ လေးကို

မယ်ခွေလေးက …… ဒီလို ချစ်သူ့လက်ဆောင်ပေးပို့ပြီး ချစ်သက်သေတည်ခဲ့တာလေးက…….

  • မယ်ခွေကတော့ ယနေ့ခေတ်လူငယ်တွေ တစ်ခေတ်စမ်းနေတဲ့ ချစ်သက်လက်ဆောင်ကို သူတို့ခေတ်အခါ ဘိုးတော်ဘုရား လက်ထက်မှာကတည်းက စပြီး ချစ်သူမောင်ဆီကို ပေးပို့နေပါပြီး။ အတော်ခေတ်ရှေ့ပြေးတဲ့ မယ်ခွေပါ။
  • မယ်ခွေဆိုတာ ဘိုးတော်ဘုရားလက်ထက်က နန်းတွင်း စာဆိုတစ်ယောက်ပေါ့။
  • ရတနာသိင်္ဃမြို့နေ စစ်တောင်းဝန်ကြီးရဲ့ သမီး ။ အမွေဝန် မောင်စွက်ရဲ့ ဇနီးဖြစ်ပါတယ်။
  • မောင်စွက်နဲ့ မယ်ခွေတို့ဟာ ငယ်စဉ်တည်းကချစ်ကျွမ်းဝင်ခဲ့ကြပြီး လက်ထပ်နိုင်ခဲ့ကြတဲ့ ငယ်ကျွမ်းဆွေတေပေါ့။

မောင်စွက်က အင်းဝကို တာဝန်နဲ့ အလုပ်သွားရတယ်ထင်ပ။ အမရပူရမြို့နေ မယ်ခွေက ဆေးလိပ်လက်ဆောင်ပို့ရတဲ့ အကြောင်းလေးကို ရေးထားတာလေး…….(သူ့ရဲ့အနက်အဓိပ္ပါယ်လေးကို သိသွားတဲ့အခိုက်မှာ…. ဖတ်ရင်းနဲ့ကို…..ပြုံးပီး ..ရင်ထဲ တသိမ့်သိမ့် ကျန်ခဲ့တဲ့အထိကို …ရိုခဲ့တဲ့…မယ်ခွေလေးပေါ့။)

“မဝယ်ဘူး မယ်ခူးတဲ့ ဖက်စို”

ဖက်အစိုကိုမှ သနပ်ဖက် ဖက်အခြောက်ဖြစ်လာအောင်ပြင်ဆင်တဲ့ မိန်းမသားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ။ စျေးထဲမှာ ဝယ်ရင် ရောင်းတမ်းတွေဖြစ်လို့ မကောင်းတာတွေ ရောပါလာမယ်။ အညံ့စားတွေဖြစ်မှာစိုးလို့ ဆေးလိပ်ဖက်ကို ကိုယ်တိုင်ခူးတယ်ဆိုတဲ့ သူ့ရဲ့ ချစ်မေတ္တာကို ဖော်ပြထားပါတယ်။

“မီးမကူ နေပူမှာ မကင်အားလို့”

မီးတို့ နေပူတို့ကြောင့် လောင်သွားတာမျိုး မဖြစ်စေလိုတဲ့အထိကို စိုးရိမ်ပါသတဲ့။ စိုးရိမ်စိတ်နဲ့ မိန်းကလေးတစ်ယောက်ရဲ့ အစွဲအလမ်းကို ဖော်ပြထားတဲ့စာသားက မိန်းမတစ်ယောက်ရဲ့ မိခင်စိတ်၊ ချစ်စိတ်ကို ဖော်ပြထားတာ တွေ့ရပါတယ်။

” ထားရတယ် အိပ်ယာအောက်မှာ
မင်းသောက်ဖို့ကို။”

ဘယ်လောက်တောင်မှ “ရို” တဲ့ စာသားလဲ။ ကြည့်လိုက်စမ်းပါဗျာ…။ ချစ်သူသောက်မယ့် ဆေးလိပ်ဖတ်ကို အိပ်ယာခေါင်းအုံးအောက်ထားပြီး သဘာဝအလျောက် သွေ့ခြောက်သွားတဲ့ ဖက်လေးကိုသာ ပေးချင်သတဲ့။ ကိုယ့်ရဲ့ ကိုယ်ငွေ့နဲ့သာသွေ့ခြောက်စေပြီး ပူလောင်ခြင်း ကင်းစေဖို့ စီစဉ်တဲ့ မိန်းမပျိုရဲ့ နွေးထွေးစေချင်တဲ့ မေတ္တာက လှလိုက်တာမှ စက်စက်ကို ရိုရတဲ့ အထိပါပဲ။အန္တရာယ်ဆိုရင် နိမိတ်ဆိုးကအစ ကိုယ့်ချစ်သူအပေါ် မကျရောက်စေချင်တဲ့ ချစ်မေတ္တာကို ” ညှာအနား ရှေ့သွားနဲ့ကိုက်လို့တို မချိုတောင့်လိပ်ဆေး။” စာသားက ဖက်အနားလေးကို လက်နက်တွေနဲ့ သုံးပြီး မဖြတ်တောက်ဘဲ။ ရှေ့သွားလေးနဲ့ကိုက်ဖြတ်သတဲလေ။ အံသွားဆိုရင်တောင် ဖက်တွေကြေမှာစိုးလို့ ရှေ့သွားလေးနဲ့ ကိုက်တယ်ဆိုတဲ့ မေတ္တာတရားကြီးမားတဲ့ အမျိုးသမီး၊ အိမ်ထောင်ရှင်မရဲ့ ချစ်သက်သေက သူ့ချစ်သူမောင် မပြောနဲ့ ဖတ်မိတဲ့ ဒီကမောင်တောင် ခွေရိုင်လဲရမလောက်ပါဘိ မယ်ခွေရယ်…။

“ပိုးမကူ ဝါချည်ဖြူတစ်ပင်ရစ်ကယ်နှင့်
ငယ်ချစ်မောင် ရွှေဝသွားကို
ပါးလိုက်တယ်လေး။”

လိပ်ထားတဲ့ဆေးလိပ်ကို ချည်ဖို့ သတ္တဝါလေးတွေရဲ့ အသက် ပိုးချည်မျှင်ကို မသုံးစွဲ။ အာလာလား… လေးစားဖွယ်ပါတကား။ သတ္တဝါတွေအပေါ်ကြင်နာတတ်တဲ့ ကောင်မလေးရဲ့ ပုံရိပ်။ ချစ်သူအတွက်လက်ဆောင်မှာ တစ်ယောက်ယောက်ရဲ့ စတေးခံရခြင်းတွေမပါဝင်စေချင်။ ပိုးမကူ ဝါချည်ဖြူ တစ်ပင်ရစ်ကယ်နဲ့ ငယ်ချစ်မောင် ရွှေဝသွားကို ပါးလိုက်ကဲ့လေး… လှပလိုက်တဲ့ ကဗျာ၊ ချစ်စရာကောင်းလိုက်တဲ့ ကဗျာ။

✍️မယ်ခွေ