(၉) ကြိမ်မြောက် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ကျင်းပ

(၂၀၂၃) ဖီဖာ အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ (၂၀) ရက် ယနေ့မှာ စတင် ကျင်းပတော့မည်ဖြစ်ပြီး ပြိုင်ပွဲကို အာရှ ဒေသတွင်းဖြစ်တဲ့ သြစတြေးလျနိုင်ငံနှင့် နယူးဇီလန် နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ဇူလိုင်လ (၂၀) ရက်မှ သြဂုတ် (၂၀) ရက်အထိ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

(၄)နှစ် တစ်ကြိမ်ကျင်းပနေသည့် (၂၀၂၃) အမျိုးသမီးကမ္ဘာ့ဖလားအနေဖြင့် သမိုင်းတစ်လျောက် နိုင်ငံ (၂)နိုင်ငံတွင် ပထမဆုံးအကြိမ် ပူးတွဲကျင်းပသည့်ပြိုင်ပွဲဖြစ်ပြီး (၂၄)သင်းမှ (၃၂)သင်း အထိ တိုးမြှင့်ထားသည့် ပြိုင်ပွဲဖြစ်ကာ (၉) ကြိမ်မြောက် ကျင်းပတဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဖြစ်ကြောင်းသိရပါတယ်။