(၇၈)နှစ်မြောက်တပ်မ‌တော်နေ့အထိမ်းအမှတ် တပ်မတော်(ရေ)ဗဟိုအဆင့် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲကျင်းပ

(၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် တပ်မတော်(ရေ)ဗဟိုအဆင့် စစ်သည် တော်ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကွပ်ကဲမှုအောက် ဌာနချုပ်များ၊ ကျောင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြပါတယ်။

အဆိုပါ တပ်မတော်(ရေ)ဗဟိုအဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲသို့ ဝင်ရောက် ဖြေဆိုကြသည့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များ၏ ဖြေဆိုနေမှုများအား ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား ရေတပ်လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် နိုင်မင်းကျော်နှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါတယ်။