(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နန်ပေါင်လေဆိပ်ပန်းဥယျာဉ်ကို ဖွင့်လှစ်ပေးခဲ့

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့်  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့  နန်ပေါင်လေဆိပ်ပန်းဥယျာဉ်ကို ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် ဇန်နဝါရီ ၉ ရက်တွင်  မြစ်ကြီးနားမြို့၌   ရိုးရာမနော အကဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်နေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ဖွင့်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၁၀  ရက် စိန်ရတုကချင်ပြည်နယ်နေ့တွင် သဝဏ်လွှာ ဖတ်ပွဲ အခမ်းအနား၊ ရိုးရာမနောအကနှင့် အတူ ဌာနဆိုင်ရာပြခန်းများ၊ ဒေသထွက် ကုန်ပစ္စည်းပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများအား ဂုဏ်ထူးဆောင် ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်အပ်နှင်းပွဲ၊ ရေကူးပြေးလမ်း (၁၀) လမ်းပါ ရေကူးကန်ဖွင့်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရပါတယ်…