ဧရာဝတီသတင်းမီဒီယာရဲ့ အရှက်တရားမဲ့စွာ လုပ်ကြံရေးသားထားသောသတင်းအမှား

ဧရာဝတီသတင်းမီဒီယာကနေပြီး ဖာပွန်ခရိုင်အတွင်းတွင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေသော

ခမရ (၄၀၅) တပ်အား တပ်အချင်းချင်း ပြန်ဝိုင်း၍ တပ်ရင်းမှူးနှင့် အရာရှိ(၃) ဦးအား

ဖမ်းဆီးထားဟုဆိုကာ သတင်းအမှားများကို လူမှုစာမျက်နှာတွင် ဖော်ပြလျက်ရှိနေတာကို

တွေ့ရှိရပါတယ်…

အမှန်တကယ် ဆက်သွယ်စုံစမ်းကြည့်တဲ့ အခါမှာတော့

အဆိုပါ တပ်ရင်းရှိအရာရှိ/စစ်သည်အားလုံးမှာ ရှေ့တန်းမှာပင် စစ်ဆင်ရေးတာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်လျက်ရှိပြီး အကြမ်းဖက်သမားများ/KNU များမှ တပ်မတော်၏ထိုးစစ်ဆင်မှုများကြောင့် စခန်းမှာတောင်မနေရဲ၍

ထွက်ပြေးနေရတာကို တစ်ဖက်လှည့်ဖြင့် မီဒီယာများမှတဆင့် ထင်ရောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သတင်းအမှားများကို ရေးသားဖြန့်ဝေနေခြင်းပဲဖြစ်ပါကြောင်း ဖော်ပြပေးလိုက်ရပါတယ်…

သတင်းအမှားများဖြင့် တိုင်းပြည်ကို အဆိပ်ခတ်နေသော..

ပြည်ဖျက်မီဒီယာများ၏ သတင်းအမှားများရန်မှ ကင်းဝေးကြပါစေ………