ဧပြီလ ၁၇ ရက်နေ့တိုက်ပွဲသတင်းများ

ကချင်ပြည်နယ်

ချီဖွေမြို့နယ်၊ ဆော့လော်နယ်မြေ စတီးကြောစခန်းအနီးတွင် နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော်+ ပသစ(မန်ကျီ)စစ်ကြောင်းနှင့် KIA/PDF အဖွဲ့မှ အင်အား ၂၀၀ ဦးခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စတီးကြောစခန်းမှ ပစ်ကူရယူကာ ပြန်လည်ချေမှုန်းတိုက်ခိုက်ခဲ့သဖြင့် ရန်သူဆုတ်ခွာသွားခဲ့။ (ထိခိုက်မှုမရှိ)

ကယားပြည်နယ်

မြို့အတွင်း ချဉ်းကပ်ဝင်ရောက်နိုင်ခြင်းမရှိသော KNPP/KNDF အဖွဲ့သည် ဖားဆောင်းမြို့နယ် ရဲစခန်းနှင့် ရင်းဌာနချုပ်တစ်ခုသို့ အဝေးမှ Drone များလွှတ်၍ Drop Bomb ချတိုက်ခိုက်ခြင်းကြောင့် ရန်သူ့ Drone လွှတ်ရာ နေရာများသို့ လက်နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်ချေမှုန်းခဲ့ရ။ (မိမိ ထိခိုက်မှုမရှိ)

ကရင်ပြည်နယ်
ကရင်ပြည်နယ်ရှိ တပ်မတော်၏ တောင်စွန်းစခန်းကို အကြမ်းဖက် KNU/PDF ၁၅၀ ကျော်က ဝိုင်းပတ် တိုက်ခိုက်ခဲ့ရာ စခန်း၏ခံစစ်ကောင်းမွန်မှုနှင့် လေကြောင်းပစ်ကူကြောင့် အကြမ်းဖက်များ အထိနာ ဆုတ်ခွာပြေးသွားခဲ့ –

(အကြမ်းဖက် ၆ လောင်း၊ လက်နက် ၈ လက် သိမ်းဆည်းရမိပြီး မိမိစစ်သည် ၃ ဦး ဒဏ်ရာရရှိ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ ရင်းဌာနချုပ်တစ်ခုအား KNU/PDF အဖွဲ့မှ အဝေးမှ Drone များဖြင့် Drop Bomb ချ တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ နယ်မြေရှင်းလင်းရာ –

(KNU ၁ လောင်း၊ အမ်-၂၂ ၁ လက် သိမ်းဆည်းရမိ၊ မိမိဘက်ထိခိုက်သူ မရှိ)

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တတန်ကူးရွာအနီးရှိ နယ်မြေရှင်းလင်းနေသော စစ်ကြောင်းအား Suicide Drone ၁ စီးဖြင့် လာရောက်တိုက်ခိုက်သော်လည်း မိမိထိခိုက်မှုမရှိ၊ အလားတူ ရွှေကြက်မင်း ဘုရားကုန်းအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် KNU/PDF သကသ ၂၀ ဦးခန့်တို့ ထိတွေ့မှုအနည်းငယ် ဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ (မိမိဘက်ထိခိုက်မှုမရှိ)

ရခိုင်ပြည်နယ်

ကဇူးကိုင်းနယ်မြေရှိ ရန်သူခိုအောင်းနေရာအား ဒေသခံသတင်းပေးချက်အရ သွားရောက်ရှင်းလင်းသော စစ်ကြောင်းနှင့် AA သကသ ၁၅၀ ဦးတို့ ထိတွေ့မှုဖြစ်ပွားပြီး လေကြောင်းပစ်ကူယူ၍ သောင်းကျန်းသူများကို မောင်းထုတ်ခဲ့ရ။

မန္တလေးတိုင်း

တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ပေါက်ကွဲသံတစ်ခုကြားရသဖြင့် လုံခြုံရေးအဖွဲ့များမှ သွားရောက်စစ်ဆေးရာ အကြမ်းဖက် PDF များမှ အရပ်ဖက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပစ်ခတ် တိုက်ခိုက်ရန် ချိန်ရွယ်ထားတဲ့ 107 မမ ရှော့တိုက်ဒုံး ၆ လုံးအားသိမ်းဆည်းရမိခဲ့ပြီး ဆက်လက်နယ်မြေရှင်း လင်းလျက်ရှိ။

ပဲခူးတိုင်း
ရေတာရှည်မြို့နယ်၊ ကြိတ်ပတီးရွာပတ်ဝန်းကျင်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းမှုမရှိစေရန် အတွက် လခရတပ်ဖွဲ့ဝင်များမှနယ်မြေရှင်းလင်း‌ရေးဆောင်ရွက်စဉ် pdf အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပြီး PDF အလောင်း ၁ လောင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့။

#တိုက်ပွဲသတင်းစုံ