ဧပြီလ ၁၁ ရက်နေ့မှုခင်းသတင်းများ

-ဧပြီလ ၁၀ ရက် ၀၀၀၅ နာရီတွင် မြစ်သားမြို့နယ်၊  မြနဒီကျေးရွာနေ ဦးမျိုးနိုင်(၄၆)နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်PDF ကျား ၂ ဦး ရောက်ရှိ လာပြီး ပစ္စတိုဖြင့်ပစ်ခတ်ခဲ့ရာ ဦးမျိုးနိုင် သည် နေအိမ်တောင်ဘက်သို့ ထွက်ပြေးရာ ချော်လဲသွားခဲ့စဉ် အကြမ်းဖက် ၂ ဦးမှ ဓားဖြင့်အကြမ်းဖက်သတ်ဖြတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမျိုးနိုင်တွင် ဝဲလည်ပင်းထိုးသွင်း ဒဏ်ရာ ၃ ချက်၊ ဝဲလက်မောင်းကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲဂျိုစောင်း ကျည်ထိမှန်ဒဏ်ရာ ၁ ချက်တို့ ဖြင့် နေရာတွင် သေဆုံးသွားခဲ့။

-ဧပြီလ ၁၀ ရက် ၀၈၃၀ နာရီတွင်  တောင်သာမြို့၊  အမှတ်(၂)ရပ်ကွက်နေ ဦးစိုးမြင့်ဦး(ခ)ပေါက်စီ(ခ)ဝင်းဘို(၄၆)နှစ်သည် လမ်းဘေးကွပ်ပျစ်၌ တစ်ဦးတည်းထိုင်နေစဉ် အကြမ်းဖက် PDF ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ် ထွက်ပြေး သွားခဲ့ရာ ဦးစိုးမြင့်ဦး(ခ)ပေါက်စီ(ခ)ဝင်းဘိုတွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့။

-ဧပြီလ ၁၀ ရက် ၁၄၄၀ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်အမှတ်(၈၅၄)၊ မန္တလေး-စစ်ကိုင်း ကားလမ်း၊ ဦးပွားဂုံးကျော် အရှေ့ဘက်အဆင်းရှိ ချမ်းမြသာစည်တောင်ရပ်ကွက်သို့ အကြမ်းဖက် PDF ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက် ထွက်ပြေးသွားခဲ့ရာ Nissan အမျိုးအစား ကားလေကာမှန် ၃ ချပ်ကွဲကြေ၊ Honda 110 Click ဆိုင်ကယ် ၁ စီး ဗုံးစထိမှန် အနည်းငယ်ပျက်စီးသွားကြောင်းနှင့် လူ/ အဆောက်အဦ ထိခိုက်မှုမရှိကြောင်း သိရှိရ။