ဥူးဇင်းတစ်ပါးကိုသတ်ဖြတ်ပြီး အလောင်းကို အိမ်သာကျင်းထဲ ထည့်ကာ ဖျောက်ဖျက်ခဲ့တဲ့ တရားခံ (၃) ဦး ဖမ်းဆီးရမိ

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်ရှိ “သာသနာပြု ဓမ္မစကြာ(ခ) ဓာတ်တိုင်ဘုန်းကြီး ကျောင်း” မှ ဥူးဇင်းတစ်ပါးကို သတ်ဖြတ်ပြီး အလောင်းကို အိမ်သာကျင်းထဲထည့်ကာ ဖျောက်ဖျက်ခဲ့တဲ့ တရားခံ အမျိုးသား (၄) ဦးအနက် (၃) ဦးကို ဇွန်လ ၂၂ ရက်နေ့က ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။