အာဆီယံ-ဘရပ်ဆဲလ်ကော်မတီနှင့် ဥရောပကော်မရှင်၏ ကုန်သွယ်မှုဆိုင်ရာ အီးယူကော်မရှင်နာတို့အကြား တွေ့ဆုံဆွေးနွေးပွဲသို့  ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်

အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ASEAN Brussels Committee- ABC) နှင့် ကုန်သွယ်မှုဆိုင်ရာ အီးယူ ကော်မရှင်နာနှင့် Exécutive Vice-Président for An Economy that Works for People ဖြစ်သူ Mr. Valdis Dombrovskis တို့အကြား တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၆ ရရက်နေ့၊ မွန်းလွဲပိုင်းက ဥရောပကော်မရှင် အဆောက်အဦ Berlaymont building တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်  ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။