အသုတ်မြို့ရှိ မြတ်မေတ္တာမွန်ဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်း၊ရေကြည်မြိုနယ်၊အသုတ်မြိုရှိ မြတ်မေတ္တာမွန်စက်သုံးဆီအရောင်းဆိုင်တွင် ဇန်နဝါရီ ၁၉ ရက်ညပိုင်းက တစ်နာရီခွဲခန့်ကြာ မီးလောင်မှုဖြစ်ပွားကာ လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာများရှိခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲဌာနချုပ်နှင့်စေတနာလူမှုကူညီရေးလူငယ်ပရဟိတအဖွဲတိုမှ သိရသည်။

ယင်းနေ့ည ၉ နာရီ ၄၀ မိနစ်ခန့်က ရေကြည်မြို နယ်၊အသုတ်မြို၊အမှတ်(၅)ရပ်ကွက်၊ပုသိမ်-မုံရွာသွားကားလမ်းဘေးရှိ မြတ်မေတ္တာမွန် စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ ပုသိမ်ခရိုင်မီးသတ်စခန်း၊အသုတ်နယ်မြေမီးသတ်စခန်း၊ရေကြည်မြိုနယ်မီးသတ်စခန်း၊သုံးခွနယ်မြေမီးသတ်စခန်း၊ကျုံပျော်မြိုနယ်မီးသတ်စခန်း၊ငါးသိုင်းချောင်းမြိုနယ်မီးသတ်စခန်း၊ကျောင်းကုန်းမြိုနယ်မီးသတ်စခန်းတိုမှတပ်ဖွဲဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။