အသားတု ဘာလချောင်ကြော် ကြော်နည်း

ဆီမကုန်ဘဲနဲ့ အသားတုကို ကြွပ်ကြွပ် ရွရွလေးနဲ့ စားကောင်းအောင်ကြော်နည်းလေးဖြစ်ပါတယ်။ စားတဲ့အခါ အသားတုထဲမှာ ဆီဝင်မနေအောင်ဘယ်လိုကြော်ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးပါ အသေးစိတ်ပြောပြထားပေးပါတယ်။ အထားလည်းခံသလို အစားလည်းခံတဲ့ အသားတု မြေပဲကြော် ကြွပ်ရွလေး ကြော်စားကြည့်ပါရှင်။ ငါးအမှုန့်နဲ့ ကြက်သားမှုန့်တွေမထည့်ပဲနဲ့ ကြော်မယ်ဆိုရင် သက်သက်လွတ်သမားတွေအတွက်လည်း စားလို့အဆင်ပြေတဲ့ အသားတု ဘာလချောင်ကြော်လေးဖြစ်ပါတယ်။ ကုန်ကျစရိတ်လည်းသက်သာပြီး ထမင်းအရမ်းမြိန်စေတဲ့ ဟင်းကောင်းလေးတစ်ခွက်ဖြစ်လို့ ချက်စားကြည့်ပါရှင်။