အသက်အငယ်ဆုံး သူရဘွဲ့ရ ဒုဗိုလ်ဇော်မင်း

အမည် -ဒုဗိုလ် ဇော်မင်း(ကျဆုံး)
ပြန်တမ်းဝင်အမှတ် -ကြည်း၁၄၅၉၃
တပ်/တပ်မ -ခလရ (၆၇)
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်

ရက်စွဲ/အချိန် -၅ .၁၂ .၇၈(၁၄:၀၀နာရီ
မှ ၁၈:၀၀နာရီထိ

နေရာ -သီပေါမြို့နယ် နားဖွီးရွာ (တီ၆၈၂၀၃၀)

ဦးတည်ရန်သူအင်အား -အက်စ်အက်စ်ပီပီအင်အား (၅၀၀ )ကျော်

မိမိအင်အား -ခလရ (၆၇ )တပ်ရင်းမှူးဦးစီး၊စစ်ကြောင်းဌာနချုပ်နှင့် ၁ ခွဲ၊ခလရ( ၃၃) မှ တပ်ခွဲ ၁ ခွဲ၊ခလရ (၂၃) မှ တပ်ခွဲ ၁ ခွဲ ပေါင်း( ၂၁၆) ယောက်

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ သီပေါမြို့နယ်အတွင်းရှိ နားညု တော်ညု ဒေသသို့ အက်စ်အက်စ်ပီပီ အင်အား ၅၀၀ကျော်ဝင်ရောက်လာပြီးလူအင်အားစုဆောင်းခြင်း ဆက်ကြေးကောက်ခြင်း ရိက္ခာစုဆောက်းခြင်းများ ပြုလုပ်နေသောသတင်းအရ ခလရ (၆၇) တပ်ရင်းမှူးဦးစီး ခလရ (၆၇ )၊ခလရ (၃၃ )နှင့်ခလရ (၂၃)မှတပ်အင်အား ၂၁၆ ယောက်သည် ဒီဇင်ဘာလ ၁ရက်နေ့မှစ၍ နယ်မြေရှင်းလင်းရေးဆောင်ရွက်သည်။ယင်းသို့ဆောင်ရွက်စဥ် ရန်သူနှင့်ပြင်းထန်စွာတိုက်ပွဲဖြစ်ပွါးသည်။
  ဒုဗိုလ် ဇော်မင်းသည်စစ်မှု့ထမ်းသက် တစ်နှစ်သာရှိသေးသော်လည်း နာဖွီးရွာဝန်းကျင်အတွင်းလုပ်ဆောင်ချက်များကိုကြည့်ခြင်းအားဖြင့်ထူးချွန်ပြောင်မြောက်သောစစ်ခေါင်းဆောင်တစ်ဦးဖြစ်သည်ကိုတွေ့ရသည်။
   ဒုဗိုလ် ဇော်မင်းသည် ၎င်းထက်အင်အား သာလွန်သော ရန်သူအား ရဲဝံံ့စွန့်စားသောသတ္တိဖြင့် ရန်သူ့ဘေးနံမှတိုက်ခိုက်ခြင်း၊ဆုတ်ခွါသွားသောရန်သူကိုထပ်ချပ်မခွါလိုက်လံတိုက်ခိုက်ခြင်း၊ မိမိ၏ခဲယမ်းမီးကျောက်လျော့နဲနေပြီဖြစ်သော်လည်း မိမိပင်မတပ်ဆီကို ရန်သူကိုအရောက်မခံပဲသူရဲကောင်းပီပီတွန်းလှန်တိုက်ခိုက်ခြင်း ၊ရန်သူ၏တုံ့ပြန်မှုကိုတွေဝေစိုးရွံ့တွန့်ဆုတ်ခြင်းမရှိပဲ တည်ငြိမ်ရဲဝံ့စွာတိုက်ခိုက်ခြင်း ၊မိမိရင်ဘတ်၌ဒဏ်ရာပြင်းထန်စွာရရှိနေသော်လည်းတိုက်ပွဲကို ပြီးဆုံးသည်အထိကွပ်ကဲနိုင်ခြင်းတို့ကြောင့် ရန်သူအက်စ်အက်စ်ပီပီ ဒုဥက္ကဌ စိုင်းအုန်းပေါင်ကျဆုံးပြီးရှမ်းမြောက်ပန်ဆန်းဒေသစစ်ဆင်ရေး နိုင်ငံရေး စည်ရုံးရေးဆုံးရှုံးထိခိုက်စေခဲ့ပါသည်။

ဒုဗိုလ်ဇော်မင်းသည်မိမိ၏တာဝန်ကို ခိုင်မြဲသောစိတ်ဓာတ် မဆုတ်မနစ်သောရဲစွမ်းသတ္တိတို့ဖြင့်မိမိ၏အသက်ကိုစွန့်လွှတ်၍တိုက်ခိုက်သွားသူဖြစ်သောကြောင့် သူရဘွဲ့ကိုထိုက်တန်စွာချီးမြှင့်ခံရခြင်းဖြစ်သည်။ဒုဗိုလ် ဇော်မင်း သူရဘွဲ့ရရှိချိန်မှာ အသက်က ၂၂ နှစ်ရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မို့ သူရဘွဲ့ရသူတွေထဲ အသက်အငယ်ဆုံးဖြစ်တယ်လို့သိရပါတယ်။

တိမ်မြုပ်ပျောက်ကွယ်နေသောအာဇာနည်သူရဲကောင်းများအားသိရှိမှတ်သားနိုင်စေရန်ရည်ရွယ်၍လေးစားစွာဖြင့်တင်ပြအပ်ပါသည်