အလှည့်လေးတွေ ရှိပါတယ်

သူများရဲ့အလှည့်မှာလည်း
နားလည်မှုတွေ ပေးထားဖူးတော့

ကိုယ့်ရဲ့အလှည့်မှာလည်း
နားလည်ပေးခြင်း ခံရတာပေါ့ ။

သူများအလှည့်မှာလည်း
သနားစိတ်တွေ မွေးပေးဖူးတော့

ကိုယ့်အလှည့်ကျရင်လည်း
ညှာတာမှုတွေ ပြန်ရနိုင်တာပေါ့ ။

သူများအလှည့်မှာလည်း
အကောင်းမြင်မှုတွေထားဖူးတော့

ကိုယ့်အလှည့်ကျရင်လည်း
အကောင်းမြင်ပေးခြင်းခံရတာပေါ့ ။

ဘဝမှာ ကောင်းတာပေးရင်း
ကောင်းတာတွေပဲ ပြန်ရတတ်သလို

မမြင်နိုင်တဲ့အတိတ်ဘ၀တွေဆီက
အကုသိုလ်ကံတွေပါလာခဲ့ရင်လည်း
တစ်ဖန်ပြန်ပြီးတော့ပေးဆပ်ရပါတယ် ။

ကိုယ့်အပြုမူ အပြောဆိုတွေဟာ
သာမန်လေး ပြုပြောလိုက်တာဆိုပြီး
အကျိုးမပေးဘူးလို့ မထင်ပါနဲ့ ။

ကိုယ့်ဆီကို တူသောအကျိုးအဖြစ်နဲ့
ရောင်ပြန် ထင်ဟပ်ခံရနိုင်လို့
ကိုယ်နှုတ်ကိုစောင့်ထိန်းထားပေးပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏