အမဲသားအစပ်ချက်နည်း

ဟင်းကိုစပ်စပ်စားရတာ နှစ်သက်သူတွေအတွက် ခံတွင်းတွေ့စေမဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသာားကောင်းကောင်း ၂၅ ကျပ်သား
  • စပါးလင် တစ်ချောင်း
  • ဂျင်း(ချင်း)လက်တစ်ဆစ်
  • ရခိုင်ငရုတ်သီးခြောက် အနီတောင့်- ၇ တောင့်
  • မဆလာ၊သကြား၊ဆား၊နနွင်း၊ငံပြာရည် အနည်းငယ်စီ
  • ဆီ ငါးကျပ်သား
  • ကြက်သွန်နီ (ဉကြီး)- ၁ ဉ
  • ကြကသွန်ဖြူ ၁၀မွှာ
  • ချက်ပြုတ်ပုံ
  • အမဲသားကိုအရွယ်တော် အသားတုံးလေးများတုံးကာ ရေဆေးပြီး ငံပြာရည်၊ဆား၊သကြား၊နနွင်းတို့နှင့်သမအောင်နယ်ပါ။နယ်ပြီးလျှင် မိနစ် ၂၀ နာရီဝက်နှပ်ထားပါ။အနှစ်အတွက် ကြက်သွန်ဖြူ၊ကြက်သွန်နီ၊စပါးလင်နှင့် ငရုတ်သီးခြောက်တို့ကိုရောပြီးညက်အောင်ထောင်းပါ။
  • ဟင်းစချက်မယ်ဆိုရင် ဒယ်ထဲကိုဆီထည့်ပြီး ဆီပူလာသည့်အခါ ကြက်သွန်အနှစ်ဆီသပ်ပါ။အနှစ်များနွမ်းလာပြီဆိုရင် အမဲသားထည့်ပြီးမွှေကာအသားနူးအောင်ရေကို မှန်းထည့်ပြီးအိုးကို အဖုန်းအုပ်တည်ရုံပါပဲ။အမဲသားနူးလျှင် အရသာမြည်းပြီး လိုတာထည့်ကာမဆလာ အုပ်ပေးပြီး အိုးကိုချလိုက်ရုံပါပဲ။

ZAWGYI

ဟင္းကိုစပ္စပ္စားရတာ ႏွစ္သက္သူေတြအတြက္ ခံတြင္းေတြ႕ေစမဲ့ ဟင္းတစ္ခြက္ျဖစ္ပါတယ္။

 ပါဝင္ပစၥည္းမ်ား

အမဲသာားေကာင္းေကာင္း ၂၅ က်ပ္သား

စပါးလင္ တစ္ေခ်ာင္း

ဂ်င္း(ခ်င္း)လက္တစ္ဆစ္

ရခိုင္င႐ုတ္သီးေျခာက္ အနီေတာင့္- ၇ ေတာင့္

မဆလာ၊သၾကား၊ဆား၊နႏြင္း၊ငံျပာရည္ အနည္းငယ္စီ

ဆီ ငါးက်ပ္သား

ၾကက္သြန္နီ (ဉႀကီး)- ၁ ဉ

ၾကကသြန္ျဖဴ ၁၀မႊာ

ခ်က္ျပဳတ္ပုံ

အမဲသားကိုအ႐ြယ္ေတာ္ အသားတုံးေလးမ်ားတုံးကာ ေရေဆးၿပီး ငံျပာရည္၊ဆား၊သၾကား၊နႏြင္းတို႔ႏွင့္သမေအာင္နယ္ပါ။နယ္ၿပီးလွ်င္ မိနစ္ ၂၀ နာရီဝက္ႏွပ္ထားပါ။အႏွစ္အတြက္ ၾကက္သြန္ျဖဴ၊ၾကက္သြန္နီ၊စပါးလင္ႏွင့္ င႐ုတ္သီးေျခာက္တို႔ကိုေရာၿပီးညက္ေအာင္ေထာင္းပါ။

ဟင္းစခ်က္မယ္ဆိုရင္ ဒယ္ထဲကိုဆီထည့္ၿပီး ဆီပူလာသည့္အခါ ၾကက္သြန္အႏွစ္ဆီသပ္ပါ။အႏွစ္မ်ားႏြမ္းလာၿပီဆိုရင္ အမဲသားထည့္ၿပီးေမႊကာအသားႏူးေအာင္ေရကို မွန္းထည့္ၿပီးအိုးကို အဖုန္းအုပ္တည္႐ုံပါပဲ။အမဲသားႏူးလွ်င္ အရသာျမည္းၿပီး လိုတာထည့္ကာမဆလာ အုပ္ေပးၿပီး အိုးကိုခ်လိုက္႐ုံပါပဲ။