အမည်မဲ့ ကြယ်လေး၏…

စစ်မြေကိုနင်း စစ်တလင်း၌
ရင်တွင်းမှာလေ အဖေ၊ မေတို့
မာစေသာကြောင်း မေတ္တာလောင်းလို့
ဆုတောင်းမှုတွေ ရပါလေစ။

ရည်ရွယ်လျှောက်လှမ်း ခရီးလမ်း၌
လက်ကမ်းကြည်ဖြူ စိတ်ထားတူတဲ့
ကြင်သူသက်ထား နှလုံးသားက
လွမ်းများဖိတ်ဝေ သိပါလေစ။

သစ္စာလေးချက် ဦးထိပ်ရွက်ရင်း
အသက်ကိုတည် စွန့်ရမည်ကို
ငါသည်လူပဲ အတ္တစွဲနှင့်
စိတ်ထဲမှာလေ ကြောက်မိလေစ။

နှောင်တွယ်အချစ် ဖယ်ခွာပစ်၍
တို့စစ်သည်တွေ ရှေ့တန်းမြေမှာ
ပျက်ကြွေသွေးချွေး ဘယာဝေးလို့
စတေးမှုတွေ နည်းပါလေစ။

သြော်…
ငါ၏မွေးမြေ ဘိုးဘွားမွေမို့
ငါလေဦးရွက် ဆုံးဖြတ်ချက်က
ငါ့သက်ကိုတည် ငါ့ရဲ့ပြည်၌
ငါသည်စစ်သား ခံယူထားရင်း
ဖျက်များရန်စွယ် ချေမှုန်းမယ်လို့
ရင်ဝယ်စွဲလျက် သံမိုနှက်သို့
​ခြေလက်စွန့်စေ ခန္ဓာသေလည်း
ငါလေဆန္ဒ ဖြစ်ချင်လှသည်
နောင်ဘဝတွေ ရှိခဲ့လေသော်
တပ်မတော်သား စစ်သားပါပဲ
ဖြစ်ပါရစေ ဖြစ်ပါလေစ။      ။

ကြွက်နီ (ခဲတံတို)