အဖြစ်က …… ဟိုတုန်းကနဲ့မတူ…..

………….::……………………………..
နာရီနှိုးစက်သံကြောင့် ….. (မနက် ၅ခွဲ) ….⏰ အိပ်ရာကနေ လူးလဲထပြီးတဲ့နောက်… ခေါင်းကို တစ်ပတ်လျှိုလေးထုံး…. 🙆မျက်နှာသစ် သွားတိုက်ပီး…. ထ္မင်းအိုးလေးတည်( ပေါင်းအိုး ခလုတ်လေးနှိပ်)……

တံမြက်စည်းလှည်း …. ဘုရားခန်းဝင် မျက်နှာသစ်တော် ရေလဲ… သောက်တော်ရေကပ်ပီး ….

နာရီကြည့်တော့ ( ၆ မတ်တင်း ) ဆိုတော့ …. ထမီလေးလဲပီး ….

ညက မှတ်ထားတဲ့ ဈေးစာရင်းစာရွက်လေးနဲ့ ပိုက်ဆံ ၃၀၀၀၀ ကို ပိုက်အိတ်ထဲထည့် ….

ဈေးခြင်းတောင်းလေး လက်ကကိုင်ပီး ဟန်ပါပါနဲ့ ဈေးထွက်လာတာပေါ့…….
👜👜👜
ဒီနေ့က သီတင်းကျွတ်လပြည့် မတိုင်ခင် တစ်ရက်အလိုဆိုတော့…… မနက်ဖြန်ဈေးပိတ်မှာ ဆိုးလို့ …. အသည်းအသန်….. ပြေးနေတာလေ…🏃‍♀️🏃‍♀️🏃‍♀️🏃‍♀️

ဘာလို့ဆို… လပြည့်နေ့အိမ်ကဘုရားမှာ….. အာရုံဆွမ်းလေး ထကပ်ချင်လို့အေ……

အတွေးတေက…. ဆွမ်းချိုင့်နဲ့ အာရုံဆွမ်းအတွက် …. ဖွယ်ဖွယ်ရာရာမို့…. တစ်ယောက် တည်းတွေးရင်း … ကျေနပ်ပီတိ ဂွမ်းဆီထိပီး.. ပြုံးပြုံးကြီးနဲ့… ဈေးကို ..ပေါက်ချလာ လိုက်တာ….😊😊😊😊

စပါပီ…
………….

အသားတန်းအရင်သွားပီး…..ကျွန်မ… (ဈေးသည်ကို) အမ …အိမ်ကြက်လေး ဘယ်ဈေး လဲဟင် ?????? ၁၅၀၀၀ဈေး အစ်မလေးရေ့….(အိ)😖

၆၀ သားတကောင်လောက် ချိန်ပေးပါလား??? (အိမ်ကြက်လေးကလည်း အဲ့လောက်မှ အတော်လေ) မတတ်နိုင်ဘူး ……

ပါလာတာက ၃ သောင်းတည်းရယ် …. ခု ကြက်တစ်ကောင်တည်းနဲ့တင် …. (၉ထောင်)….
တော်ပီတော်ပီ …. ငါအသားတန်းကပြေးတော့မယ်….. လုပ်တုန်း ….နောက်အလှည့် …

🐟🐟🐟🐟🐟. ငါးဗန်းထဲက ငါးသလောက်လေး မြင်လို့ ,….. မနေနိုင် ပါးစပ်ဆော့မိတာ …. ဘယ်ဈေးလဲဟင်…. အစိတ်သားကို ၂၂၀၀ (ဪ) ….. (ဂလု)… တံတွေးမြိုချပီး … ဘေးက 🦐🦐ပုစွန်ဆိတ်ဖွားလေး ကကော .. ၁၀ သား.. ၁၂၀၀

(ဟုတ်အစ်မ ၁၀သားလောက်) မရတော့ဘူး… စိတ်ထိန်းပီး …(သုတ်ခြေတင် အသားတန်းက ပြေးလာရတယ်….)😌😌😌😅

ကြက်သားလေးအာလူးနဲ့ အရောလေးချက်မယ် …. အရည်သောက်လေးတခွက်… အရွက်ကြော်လေးရယ်၊ ငပိရည် အတို့အမြှပ်လေးနဲ့…. အသီး ၉ မျိုး၊ အအေးလေးနဲ့ ဖွယ်ဖွယ်ရာရာလေး ကပ်မယ်…..(အိုကွယ်….. ပီတိဖြစ်လိုက်ပါဘိ…)😍😍😍😋😋😋😋🤤🤤🤤

ကုန်ခြောက်ဆိုင် ဝင်လိုက်အူးမယ် ….. အာလူးက … အစိတ်သား ၈၀၀ … ဟု ဟု

ငါးဆယ်သားလောက် ရွေးမယ်နော်အယ်မ……
(ချွေးပါပြန်တယ်… ဈေးမေးတိုင်း)…😖😖😖
ကြက်သွန်နီကကော …… ?????? ဟု ၂၅ သားလောက်..အဖြူ.???? ၂၅ သားလောက်။။။ (အီး…. ၅၁၀၀ … ရော့အစ်မ….)💴💵💵💵

အရွက်တန်းရောက်ရင်တော့ ….. ငါအသက်ရှုချောင်မှာပါလေ…. 😌😌😌😑😑😑😑

✍✍✍

အရင်ဆုံး အချဉ်ဟင်း
အရည်သောက်လေးအတွက် …..

ချဉ်ပေါင်ရွက်…(၃)စီး=၃၀၀၊ ကန်စွန်းရွက် ၃ စီး= ၅၀၀၊ ခရမ်းသီးလေး ၃၀၀ဖိုး၊ ရှမ်းနံနံတစီး=၃၀၀၊ ငရုတ်သီးစိမ်း လေး=၃၀၀ဖိုး(အနဲဆုံးရောင်းတာတဲ့လေ)😒😒😒😒

အစိမ်းကြော်အတွက်….. ဂေါ်ဖီ… ဥနီ…. ပန်းပွင့်….. ရွှေပဲသီးရယ်….တရုတ်နံနံ… မုန်ညှင်းဖြူရယ်… စုစုပေါင်း= ၂၅၀၀ဖိုး😅

လက်ထဲက….ပိုက်လေးငုံ့ကြည့်လိုက်တော့… ၁၀၀၀၀ လားပဲကျန်တော့တယ်…😌😌

(ဟမ်)
ဘုရားပန်းနဲ့ အသီးလေးဝယ်ဖို့လောက်ပါအူးမလား?????😞😞

မထူးပါဘူး …. သွားဝယ်ရမှာပဲလေ…. ဘုရားပန်းက သပြေတငုတ်… ၁၃၀၀/ နှင်းစီ ၁၀ပွင့် ၁၂၀၀/ ဂန္ဓမာ …. ၁၆၀၀ (ဘုရား..ဘုရား) အိမ်ကဘုရားအိုးက အိုးကြီး ၃ အိုးနဲ့ အောင်အိုး ၂အိုး…. အဲ့အတွက် သပြေ ၂ ငုတ် =၂၆၀၀….. ဂန္ဓမာ ၂ စီး=၃၂၀၀…. နှင်းစီ ၁စီး =၁၂၀၀.။😫😫😫

၃၅၀၀ပိုတာလေးနဲ့ အသီးတန်းဘက်အလှည့် ….. ကြက်ဉထက်နဲနဲပဲကြီးမယ် ..ပန်းသီး တစ်လုံး ၁၂၀၀ အော်ရောင်းနေတာမို့

( နဖူးက ချွေးစလေးတေ အသာသုတ်ရင်း….) ၃ လုံး ၃၅၀၀ နဲ့ရမလားအစ်မလို့မေးတော့

( ရပါတယ် … ၁၀၀ လျော့ပေးလိုက်တယ်နော်… ကုသိုလ်ပေါ့တဲ့)….(ဟုတ်)..(ဟုတ်)…(ကျေးဇူးပါနော်….)😇😇😇😇

ဈေးကအပြန်လမ်းမှာ … ဈေးစာရင်းစာရွက်သာပြန်ပါလာတဲ့ ပိုက်ဆံအိတ်ကို ဂျိုင်းကြားညှပ်ပီး….

အသားဆိုလို့ ၆၀ သားကြက်တကောင်ကို ဇောက်ထိုးထည့်လာတော့ ‌ခြေထောက်နှချောင်း မိုးပေါ်ထောင်နေတဲ့ ခြင်းတောင်းကို ကြည့်ရင်း ….👀👀👀👀👀

သက်ပြင်းတေ အခါ ခါ ချလို့ …. 😳😳😳😳
ဟိုးတုန်းကနဲ့မတူ
အတွေးနယ်ချဲ့လာတော့တယ်ကွယ်…. 🤔🤔🤔🤔

(ပါးစပ်ကလည်း …. အဖြစ်နဲ့ခေတ်က …တော့ဘူးကွယ်…)
😰😰😰😰😰

SuYee