အပြစ်မဲ့ပြည်သူ ၇ ဦးအား အကြမ်းဖက် လက်နက်ကိုင် PDF များမှ ရက်ရက်စက်စက်သတ်ဖြတ်

ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်တွင် အကြမ်းဖက် pdf ၂၅ ဦးခန့်သည် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာ အုပ်စု၊အရှေ့ကုန်းရွာနေ အုပ်စုအုပ်ချုပ်ရေးမှူး၊ပြည်သူ့စစ်ခေါင်းဆောင်၊ပြည်ခိုင်ဖြိုး ဥက္ကဌလည်းဖြစ်သူ ဦးမြင့်အောင်၏ နေအိမ်အတွင်းသို ဝင်ရောက်လာပြီး ဘယ်မှာလဲမြင့်အောင်၊မြင့်အောင်ဘယ်မှာလဲဟု အော်မေးကာ မတွေ့သဖြင့် ဦးမြင့်အောင်၏ မိသားစု များအား သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ မိသားစုဝင်(၇)ဦးစလုံး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ သေဆုံးသူ မိသားစုဝင်များမှာ ဒေါ်ကြင်နွဲ (၆၁) နှစ်(ဘ) ဦးအေးရှီ(ဦးမြင့်အောင်၏ဇနီး)၊မသန်းသန်းမော် (၄၁) နှစ်(ဘ) ဦးမြင့်အောင်(သမီး)၊မောင်နေထက်သိန်း(၁၇) နှစ်(ဘ) ဦးထွန်းထွန်းနိုင်(မြေး)၊မောင်ဇေယျာအောင်(၁၆) နှစ်(ဘ) ဦးဝင်းဇော် (မြေး)၊မောင်စိုးမင်းပိုင်(၁၃) နှစ်(ဘ) ဦးထွန်းထွန်းနိုင်(မြေး)၊ မမေဇင်ဖြူ (၉) နှစ်(ဘ) ဦးထွန်းထွန်းနိုင်(မြေး)၊မောင်သားသား(၁) နှစ်(ဘ) ဦးထွန်းထွန်းနိုင် (မြေး)တိုဖြစ်ကြောင်း သတင်းရရှိ ပါသည်။

အကြမ်းဖက် PDF များအ ဖြင့် အပြစ်မဲ့ပြည်သူအပေါ် လူမဆံစွာ ရိုင်းစိုင်းရုပ်မာစွာ ရက်ရက်စက်စက် လူမျိုးတုံးသတ်ဖြတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း သိသာထင်းရှားသော သာဓကဖြစ်စဥ်များဖြစ်ကြောင်း ပေါ်လွင်စေပါသည်။

ZAWGYI

ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔ ည ၁၀ နာရီအခ်ိန္ခန္႔တြင္ အၾကမ္းဖက္ pdf ၂၅ ဦးခန္႔သည္ တနသၤာရီတိုင္းေဒသႀကီး၊ ပုေလာၿမိဳ႕နယ္၊ပေလာက္ၿမိဳ႕၊ေက်ာက္လုံးႀကီးေက်း႐ြာ အုပ္စု၊အေရွ႕ကုန္း႐ြာေန အုပ္စုအုပ္ခ်ဳပ္ေရးမႉး၊ျပည္သူ႔စစ္ေခါင္းေဆာင္၊ျပည္ခိုင္ၿဖိဳး ဥကၠဌလည္းျဖစ္သူ ဦးျမင့္ေအာင္၏ ေနအိမ္အတြင္းသို ဝင္ေရာက္လာၿပီး ဘယ္မွာလဲျမင့္ေအာင္၊ျမင့္ေအာင္ဘယ္မွာလဲဟု ေအာ္ေမးကာ မေတြ႕သျဖင့္ ဦးျမင့္ေအာင္၏ မိသားစု မ်ားအား ေသနတ္မ်ားျဖင့္ ပစ္ခတ္ခဲ့ရာ မိသားစုဝင္(၇)ဦးစလုံး ေနရာတြင္ပင္ ပြဲခ်င္းၿပီးေသဆုံးခဲ့ေၾကာင္း၊ ေသဆုံးသူ မိသားစုဝင္မ်ားမွာ ေဒၚၾကင္ႏြဲ (၆၁) ႏွစ္(ဘ) ဦးေအးရွီ(ဦးျမင့္ေအာင္၏ဇနီး)၊မသန္းသန္းေမာ္ (၄၁) ႏွစ္(ဘ) ဦးျမင့္ေအာင္(သမီး)၊ေမာင္ေနထက္သိန္း(၁၇) ႏွစ္(ဘ) ဦးထြန္းထြန္းႏိုင္(ေျမး)၊ေမာင္ေဇယ်ာေအာင္(၁၆) ႏွစ္(ဘ) ဦးဝင္းေဇာ္ (ေျမး)၊ေမာင္စိုးမင္းပိုင္(၁၃) ႏွစ္(ဘ) ဦးထြန္းထြန္းႏိုင္(ေျမး)၊ မေမဇင္ျဖဴ (၉) ႏွစ္(ဘ) ဦးထြန္းထြန္းႏိုင္(ေျမး)၊ေမာင္သားသား(၁) ႏွစ္(ဘ) ဦးထြန္းထြန္းႏိုင္ (ေျမး)တိုျဖစ္ေၾကာင္း သတင္းရရွိ ပါသည္။

အၾကမ္းဖက္ PDF မ်ားအ ျဖင့္ အျပစ္မဲ့ျပည္သူအေပၚ လူမဆံစြာ ႐ိုင္းစိုင္း႐ုပ္မာစြာ ရက္ရက္စက္စက္ လူမ်ိဳးတုံးသတ္ျဖတ္မႈမ်ားကို က်ဴးလြန္လ်က္ရွိေၾကာင္း သိသာထင္းရွားေသာ သာဓကျဖစ္စဥ္မ်ားျဖစ္ေၾကာင္း ေပၚလြင္ေစပါသည္။