အကြမ်းဖက် PDF တစ်ဦးအား လက်နက်/ခဲယမ်းတွေနဲ့အတူ အိန္ဒိယရဲတပ်ဖွဲ့မှဖမ်းမိ

မြန်မာအကြမ်းဖက်သမားလို့ ယူဆရတဲ့ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးကို သောကြာနေ့က လက်နက်၊ ခဲယမ်းတွေနဲ့အတူ မီဇိုရမ်နဲ့ မြန်မာနယ်စပ်အနီး ဇိုခေါ်သာရွာကနေ ဖမ်းဆီးမိခဲ့တယ်လို့ အိန္ဒိယနိုင်ငံ သတင်းဌာနတွေရဲ့ ဖော်ပြမှုအရ သိရပါတယ်။

အဆိုပါ မြန်မာနိုင်ငံသားဆီကနေ ကျည်ကပ်တစ်ခုပါဝင်တဲ့ M4 ရိုင်ဖယ်တစ်လက်၊ ဂျာမန်ပစ်စတိုတစ်လက်နဲ့ ၎င်းကျည်အိမ်တစ်ခု၊ နှစ်လုံးပူး ရိုင်ဖယ်သေနတ်နှစ်လက်၊ တစ်လုံးထိုးရိုင်ဖယ်သေနတ်နှစ်လက်၊ ၅.၅၆ မမကျည်တောင့် ၂၀၊ ၉ မမ ကျည်တောင့် ၆ ခုနဲ့ ဟဲလ်မက် နှစ်လုံးတို့ကို အာသံရိုင်ဖယ်နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ အဆိုပါ မြန်မာနိုင်ငံသားကို တရားမဝင်လက်နက်ခဲယမ်းများပိုင်ဆိုင်မှုနဲ့ အာသံရိုင်ဖယ်တပ်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပြီး သူ့ကိုအရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ ဇိုခေါ်သာ ရဲတပ်ဖွဲ့လက်ကို ဒီနေ့မှာပဲလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

𝙈𝙃𝙏𝙉𝙀𝙒𝙎