ဟိုပုံးမြို့တွင် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ ပြုလုပ်

ဧပြီလ ၁၇ ရက်နေ့တွင် ဟိုပုံးမြို့၊ အနောက်ရပ်ကွက်၊ သီရိမင်္ဂလာဗိမာန်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခု၊ နှစ်ဆန်း (၁)ရက်နေ့ အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားကန်တော့ပွဲ ပြုလုပ်ခဲ့ရာ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်(၆) ရပ်ကွက် မှ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၁၀၀)ဦးခန့်တို့မှ အသက်(၈၀)နှစ်နှင့်အထက် ဘိုးဘွား (၄၅)ဦးတက်ရောက်ခဲ့ကြပြီး သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲ ပြုလုပ်ခဲ့ပြီး ဘိုးဘွားများအား တစ်ဦးလျင် ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့် (၁၂၈)ဦးအတွက် စုစုပေါင်းအလှူငွေ (၂,၅၆၀,၀၀၀)ကျပ်အား အဘိုးအဘွား များကိုယ်စား အဘိုးဦးကွင်ထံ ပေးအပ်ပူဇော်ကန်တော့ခဲ့ကြောင်းသိရှိရပါတယ်။