ဟိုပုံးတွင် အကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချပွဲ ပြုလုပ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် နှင့် ဆီဆိုင်မြို့နယ်များအတွင်း ပအိုဝ်းလူမျိုးကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည့် PNLO/ KNDF/ PDF အကြမ်းဖက်သောင်းကျန်းသူများအား ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

ထိုသို့ကန့်ကွက်ရှုတ်ချလက်ရှိရာ ယနေ့နံနက် ၈ နာရီခန့်တွင် ဒေသတည်ငြိမ် အေးချမ်းရေးကိုလိုလားသည့် ဒေသခံတိုင်းရင်းသားပြည်သူ အင်အား ၁၁၀၀ ကျော်ခန့် သည် မြို့နယ်အားကစားကွင်း၌ စုဝေးပြီး ဟိုပုံး-ဆီဆိုင်လမ်းမကြီးအတိုင်း မွေတော်ဘုရား ရှေ့ ကျောက်တိုင်ကွင်းသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ချီတက်၍ ယင်းကျောက်တိုင် ကွင်း၌ ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံ သံဃာတော် ၁ ပါး နှင့် တိုင်းရင်းသားပြည်သူ ၁ ဦးတို့က ကန့်ကွက်ရှုတ်ချဟောပြောကာ နံနက် ၉ နာရီခန့်တွင် အေးချမ်းစွာ လူစုခွဲခဲ့ကြကြောင်းသိရသည်။