သံတွဲမြို့နယ်တွင် တပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၆ ဦး ဒဏ်ရာရတယ်လို့ DVB မှ သတင်းအမှားရေး

ဒီဇင်ဘာလ ၁၈ ရက်နေ့၌ သံတွဲမြို့နယ်ကမ်းဒေးနဲ့ ရွာပကာရွာကြားတွင် တပ်ဖွဲ့ဝင်များအား AA အဖွဲ့ ချောင်းမြောင်းပြီး မိုင်းဆွဲတိုက်ခိုက်သော်လည်း တပ်ဖွဲ့ ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ DVB မှ ဖြစ်စဉ်ကိုပုံကြီးချဲ့၍ တပ်ဖွဲ့ ဝင် ၆ ဦး ဒဏ်ရာရတယ်ဆိုပြီး စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။သို့ဖြစ်ပါ၍ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် တည်ငြိမ် အေးချမ်းစွာနေထိုင်လိုသည့် တိုင်းရင်းသားပြည်သူများ စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု သတင်းမှားများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။