သပိတ်ကျင်းမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ ဦး သေဆုံးတယ်လို့ မြေလတ်အသံမှသတင်းအတုရေး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအထက်ပိုင်းရွာတွေကို ဝင်ရောက်နေတဲ့ စစ်ကြောင်းကိုတိုက်ခိုက်ရာ တပတ်အတွင်း စစ်သား သေဆုံးဒဏ်ရာရသူများပြားခဲ့တယ်လို့ TBK တော ဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။ စစ်သားအင်အား ၂၀၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက်ကနေ ၂၀ ရက်အထိ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က စစ်သား ၄၀ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေလတ်အသံ မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာ ၁၁ ရက်ကနေ ၂၀ ရက်နေ့အတွင်း သပိတ်ကျင်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခြင်းများမရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ဖြစ်စဉ်မရှိဘဲ မြေလတ်အသံ မှ အများပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်အောင် စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။