ဝက်စ်ဟမ်းအသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ အသက် ၃၀ အရွယ် အင်္ဂလန်တိုက်စစ်မှူး ဒန်နီအင့်စ်ကို ပေါင် ၁၅ သန်းဝန်းကျင်နဲ့ခေါ်ယူခဲ့

အင်္ဂလန်တိုက်စစ်မှူး ဒန်နီအင့်စ်ကို ပေါင် ၁၅ သန်းဝန်းကျင်နဲ့ခေါ်ယူခဲ့

⚽ ဝက်စ်ဟမ်းအသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ အသက် ၃၀ အရွယ်

အင်္ဂလန်တိုက်စစ်မှူး ဒန်နီအင့်စ်ကို ပေါင် ၁၅ သန်းဝန်းကျင်နဲ့ခေါ်ယူခဲ့ပြီး

၂၀၂၅ ခုနှစ်ထိစာချုပ်ချုပ်ဆိုခဲ့တယ်လို့ သတင်းဌာနတစ်ခုကဖော်ပြသွားခဲ့ပါတယ်။

ကစားသမားဘဝ ပွဲပေါင်း ၃၅၀ မှာ သွင်းဂိုးပေါင်း ၁၂၂ ဂိုး ဂိုးဖန်တီးမှု ၃၂ ကြိမ်ထိ

ပြုလုပ်ထားတဲ့ ဒန်နီအင့်စ်ဟာ ဘုန်းမောက်၊ ဘန်လေ၊ လီဗာပူးလ်၊ ဆောက်သမ်တန်၊

အက်စတွန်ဗီလာ စတဲ့အသင်းတွေမှာကစားခဲ့တဲ့ ဝါရင့်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ကစားသမားသစ်တစ်ယောက်ဖြစ်လာခဲ့တဲ့ အင့်စ်က “ဒီအသင်းကို

ပြောင်းရွှေ့ခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမိကြောင်း၊ အသင်းအတွက်အပြုသဘောဆောင်တဲ့အရာတွေ

သွင်းဂိုးတွေရယူနိုင်ဖို့အတွက် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်တယ်” လို့ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲဆက်နိုင်ပွဲပျောက်ဆုံးနေတဲ့ ဝက်စ်ဟမ်းအသင်းဟာ

အမှတ်ပေးဇယားရဲ့အဆင့် ၁၈ နေရာထိရောက်ရှိနေပြီး ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုး

၁၂ ဂိုးသာသွင်းယူထားနိုင်တဲ့ ဝုလ်ဗ်အသင်းရဲ့နောက် သွင်းဂိုး ၁၅ ဂိုးသာသွင်းယူထားနိုင်တဲ့

အသင်း ၃ သင်းထဲက တစ်သင်းလည်းဖြစ်ပါတယ်။ ဒန်နီအင့်စ်ကိုခေါ်ယူနိုင်ခဲ့ခြင်းနဲ့ပတ်သက်ပြီး

နည်းပြ ဒေးဗစ်မွိုက်စ်က “အသင်းရဲ့လူစာရင်းထဲကို အင့်စ်လိုကစားသမားကိုထည့်သွင်းနိုင်တဲ့အတွက်

ကျေနပ်မိပြီး အသင်းရဲ့တိုက်စစ်နေရာအတွက်ပြိုင်ဆိုင်မှုကောင်းတွေကိုပိုမိုမြင်တွေ့ရမယ်လို့

မျှော်လင့်ကြောင်း” ပြောကြားသွားခဲ့ပါတယ်။
crd #Sport7