လောင်းလုံးမြိုနယ်၊ ဝေဒီကျေးရွာနေ အမျိုးသားတစ်ဦးကို PDFအကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

ဒီဇင်ဘာ ၂၃ရက်က ၁၁ နာရီ အချိန်၌ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြိုနယ်၊ ဝေဒီကျေးရွာနေ အမျိုးသား
တစ်ဦးကို PDFအကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။
ဝေဒီကျေးရွာနေ ဦးနေလင်းထွန်း (၃၇) နှစ် သည် လောင်းလုံးမြိုနယ် စည်ပင်သာယာရုံးတွင် ဆိုင်ကယ်ဘီးခွန်
သွားရောက်ပေးသွင်းပြီး နေအိမ်သို့တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဝေဒီကျေးရွာလမ်းဆုံအရောက်၌ ဆိုင်ကယ်
တစ်စီးမောင်းနှင်လာသည့် PDF အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးနေလင်းထွန်းတွင် နဖူး
ကျည်ဖောက်ဝင် ဒဏ်ရာ ၃ ချက်၊ ဝဲပါးနှင့် ဝဲရင်အုံတိုတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်တိုရရှိကာ အခင်း
ဖြစ်ရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။