လေဖြတ်ရောဂါ၏ ရှေ့ပြေးလက္ခဏာများ

လေဖြတ်ရောဂါ သည် လူဖြစ် ရှုးနေရ သည့် အနေ အထား မျိုးဖြင့် ဝေဒနာ ခံစား ရလေ့ ရှိတတ် ရာ စီးပွားရေး ဆောင်ရွက် နိုင်မှု၊ လူမှု ပေါင်းသင်း ဆက်ဆံမှု တိုတွင် ဆုံးရှုးမှု များ ဖြင့်သာ ရင်ဆိုင် ကြုံတွေ့ ကြ ရသည်။ ဆီးချုပ်၊ ဝမ်းချုပ်၊ လေချုပ် ကာ ပထဝီ လွန်ခြင်း တို နှင့်အအေး ပတ်ခြင်း၊ ခေါင်းကိုက် ခြင်း၊ ချွေးမ ထွက်ခြင်း၊ ချွေးငုပ် ခြင်း တို အဖြစ်များ ရာက လေဖြတ် ခြင်း အဆင့်သို ရောက် ကြရ သည် ဟု မြန်မာ တိုင်းရင်း သမားတော် များက ဆိုကြသည်။ လေဖြတ် ခြင်း မခံရ လေအောင် ကြိုတင် သတိမူ ကာ ပြုပြင် ရှောင်ရှား သင့်ကြ သည့် အချက် အလက်များ ရှိပါ သည်။

လေဖြတ် ခြင်း ဖြစ်တော့ မည် ဆိုပါက ကြိုတင် ပေါ်ပေါက် လာတတ် သည့် လက္ခဏာ များ မှာ ရုတ်တရက် မျက်နှာ၊ လက်၊ ခြေတစ်ဖက်ထုံခြင်း၊ ရုတ်တရက် စကား ပြော မရခြင်း၊ ပြောသော စကား ကို နားမလည် ခြင်း၊ စကား ဗလုံးဗထွေး ဖြစ်ခြင်း၊ ရုတ်တရက် အမြင် အာရုံ ဝေဝါးခြင်း၊ နှစ်ထပ် ဖြစ်ခြင်း၊ ရုတ်တရက် လမ်းမလျှောက် နိုင်တော့ ခြင်း၊ ဒယီးဒယိုင် ဖြစ်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊ ရုတ်တရက် အကြောင်းမဲ့ ပြင်းထန်စွာ ခေါင်း ကိုက်ခြင်း တိုပင် ဖြစ်သည်။

ထိုအချက် တိုသည် လေဖြတ် တော့ မည့် သူတို အနီးစပ် ဆုံး ကြုံ တွေ့ရမည့် အချက်များ ပင်ဖြစ် သည်။ ထိုအပြင် လေဖြတ် တော့ မည့် သူတို ကြုံတွေ့ ရမည့် ရှေ့ပြေး လက္ခဏာ များမှာ ဦးခေါင်း နောက် စေ့တွင် ကိုက်ခဲခြင်း၊ ခြေလက်များ မကြာခဏ ကျဉ်ခြင်း၊ မျက်ခွံနှင့် မျက်နှာ ကြွက်သား တို ဆတ်ကနဲ ဆတ်ကနဲ တွန့်ခြင်း၊ မကြာခဏ ဝမ်းချုပ်ပြီး ဝမ်းဗိုက် လေပွခြင်း၊ ည အိပ်စဉ် ထုံကျဉ် ပြီး လန့်နိုးခြင်း တိုပင် ဖြစ်သည်။ လေဖြတ် ရောဂါ ဆိုသည် မှာ ဦးနှောက် သို သွေးသွား လာစီးဆင်းမှု ရပ်ဆိုင်း သွားခြင်း သိုမဟုတ် လျော့နည်း သွားခြင်း တို ကြောင့် ဖြစ်ပေါ် လာရသည့် ရလဒ် ပင် ဖြစ်သည်။ လူ့ခန္ဓာကိုယ် ၏ အရေးကြီး ဆုံးသော အင်္ဂါ အစိတ် အပိုင်း ဖြစ်သည့် ဦးနှောက် သည် ၎င်း၏ လုပ်ငန်း များ ပုံမှန် ဆောင် ရွက် နိုင်ရန် လုံလောက် သော သွေး ပမာဏ ကို မရရှိ ပါက အဆိုပါ ဦးနှောက် အစိတ် အပိုင်းနှင့် သက်ဆိုင် သော ခန္ဓာ ကိုယ် အစိတ် အပိုင်း ၏ လုပ်ငန်း များ ရပ်ဆိုင်း သွားပြီး လေဖြတ် ရောဂါ လက္ခဏာ များ ပေါ်ပေါက် လာခြင်း ပင် ဖြစ်သည်။