လားရှိးမြို အနီးဝန်းကျင်တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လျက်ရှိ

လားရှိးမြို အနီးဝန်းကျင်တွင် ယနေ့နံနက်ပိုင်း ပစ်ခတ်မှုများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။ မြောက်ပိုင်း သောင်းကျန်းသူ(၃)ဖွဲ အေနေဖြင့် လားရှိးမြိုအနီး ချည်းကပ်ရန် လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဒေသခံတစ်ဦးက “ကျွန်တော်တိုအနေနဲ့က နေ့စဉ် ပစ်ခတ်ရှင်းလင်းမှု မရှိဘူးဆိုရင် စိုးရိမ်နေရတယ်။ ပစ်ခတ်ရှင်းလင်းတဲ့ အသံလေး ကြားနေရရင် စိတ်သက်သာရာ ရသေးတယ်။ အကြမ်းဖက်ကောင်တွေ မြိုထဲရောက်လာရင် မြိုခံလူထု အတိဒုက္ခရောက်မယ်။ တာဝန်ရှိသူတွေအနေနဲ့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေကို စာနာပါ။ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေးကို ဖြစ်နိုင်သမျှ နည်းလမ်းအားလုံး အသုံးပြုပြီး ရှင်းလင်းဆောင်ရွက်စေချင်ပါတယ်။ စစ်ဘေးရှောင်တွေလည်း လားရှိးမှာ ရှိနေတယ်။ ဒီကနေ တခြားကို ထွက်ဖိုဆိုတာလည်း လမ်းပမ်းဆက်သွယ်ရေး အခက်အခဲ ရှိနေတယ်။” ဟု ပြောသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲများသည် နမ္မတူမြိုနှင့် လားရှိးကြား ဆက်သွယ်ထားသည့် တံတားကို ဖျက်ဆီးပြီးနောက် လားရှိးမြိုကို ချည်းကပ်ရန် လုပ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

crd;mnp