‌ရေးမြို့ရှိ “ရွှေလဝန်း” ရွှေဆိုင်အား ရေးဘီလူးအဖွဲ့မှ ဓားပြတိုက်

ဇွန်လ ၁၃ ရက်နေ့ နေ့လည် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ဝင်းသုခဈေးအတွင်းရှိ “ရွှေလဝန်း” ရွှေဆိုင်အား အကြမ်းဖက် ရေးဘီလူးအဖွဲမှ ဓားပြတိုက်သွားသဖြင့် ရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၄၀၀ ခန့် ကာလတန်ဖိုး သိန်း ၁၀၀၀ ကျော်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်းသိရပါတယ်။