ရပ်တန့်ခြင်းမရှိ၊ မောင်းနှင်ထွက်ပြေးသွားသော စက်လှေ ၁ စီးအား ပစ်ခတ်ဖမ်းဆီး

ဇန်နဝါရီလ ၁ ရက်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးရွာအနီး
ချောင်းမကြီးအတိုင်း စုန်ဆင်းလာသော စက်လှေ ၁ စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ရှိပြီး
ကမ်းကပ်ရန် မီးထိုးအချက်ပြခေါ်ယူခဲ့သော်လည်း လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ-
-အလောင်း ၅ လောင်း
-ကေအေ(၂၅) ၂ လက်
-တူမီး ၁ လက်
-ကျည် ၉၄ တောင့်
-ကျည်အိမ် ၄ ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…