ရင်သွေးငယ်များကို တန်ဖိုးထားပါ

ပြီးခဲ့တဲ့ 20-8-2022ရက်နေ့က မန္တလေးတိုင်း ၊ သပိတ်ကျင်း
မြို့နယ်က PDF(၂)ယောက်နဲ့ အောင်မြေသာစံမြို့နယ်က
PDF(၆)ယောက် စုစုပေါင်း ၈ ယောက်အလင်းဝင်ခဲ့ပါတယ်။
ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ အလင်းဝင်လာတဲ့ PDFတွေဖြစ်တဲ့
အတွက် အရေးယူခြင်းမရှိဘဲ သက်ဆိုင်ရာအုပ်ထိန်းသူမိဘ
များထံ တပ်မတော်မှ စနစ်တကျပြန်လည်လွှဲအပ်ပေးခဲ့ပါတယ်။
အလင်းဝင်တဲ့ PDFတွေကိုကြည့်မယ်ဆိုရင်လည်း အသက်
အရွယ်က ၁၇ နှစ်ကနေ ၂၃ နှစ်အတွင်းသာရှိပြီး တွေးခေါ်
စဉ်းစားနိုင်စွမ်းအားနည်းသေးတဲ့အရွယ်တွေပဲဖြစ်ပါတယ်…
ဒီအရွယ်တွေဆိုတာ စိတ်ခံစားချက်နောက်ကို လိုက်တတ်တဲ့
အရွယ်တွေပါ။
ပြောချင်တာက တောထဲမှာ ကျန်ခဲ့တဲ့ကလေးတွေအများ
စုလည်း အလင်းပြန်၀င်ချင်နေကြတယ် …ယခုလိုအစိုးရက
နားလည်မှုပေးနေတဲ့အခြေအနေတစ်ခုမှာ မိဘများအနေနဲ့
လည်း ကိုယ့်သားသမီးတွေရဲ့ လူငယ်သဘာ၀ဖြစ်တတ်တဲ့
အမှားတွေကို နားလည်ခွင့်လွတ်ပေးပြီး အမြန်ဆုံးချိတ်ဆက်
ခေါ်ဆောင်စေချင်ပါတယ်။
အချိန်ကြာလာသည်နှင့်အမျှ ကိုယ်ပြုစုပျိုးထောင်လာတဲ့
သားသမီးတွေဟာ အညွန့်ကျိုးပြီး တောထဲမှာပဲ ဘ၀ဆုံး
သွားပါလိမ့်မယ်
စေတနာစကားသက်သက်သာဖြင့် ကိုယ်ချင်းစာပြီး
အကြံပြုပြောပြပေးခြင်းဖြစ်ပါတယ်။