မြိုင်က PDF အသိုက်ကွဲ

ကြာတော့လည်း ဘယ်ခံနိုင်တော့မလဲလေ…. ကိုယ်တိုင်က တောထဲတောင်ထဲမှာ မိဝေးဖဝေးနဲ့ ဒုက္ခမျိုးစုံခံ၊ အနေဆင်းရဲ အစားဆင်းရဲ၊ မသေရုံတမယ် ကျားကန်နေရတဲ့အချိန် ဒီလိုမျိုးဖြစ်လာအောင် မြှောက်ပေးခဲ့တဲ့သူတွေကတော့ မိသားစုလိုက်၊ ဆွေမျိုးလိုက်၊ တစ်အုပ်တမကြီး နိုင်ငံခြားကို တစ်သုတ်ပြီးတစ်သုတ် ရှောင်သွားကြတာလေ…. ဒီကြားထဲ ကိုယ့်ဘက်ထောက်ခံတဲ့သူတွေလည်း ပိုက်ဆံရရင်ပြီးရောသတ်လိုက်တာပဲ…. ကိုယ့်လူအချင်းချင်း ကိုယ့်အဖွဲအချင်းချင်းလည်း ဖမ်းဆီးနှိပ်စက် ပစ်သတ်ပြီး ကြီးနိုင်ငယ်ညှင်းလုပ်နေတာတွေကို နေ့စဉ်နဲ့အမျှ မြင်နေတွေ့နေရတော့ ကိုယ့်လုပ်ရပ်ကိုနောင်တရပြီး တော်လှန်ရေးကြီးကို ရွံလာကြတာမဆန်းဘူး…. ဒါကြောင့်လည်း အခုလိုမျိုး ထွက်ပြေးကြ အလင်းဝင်လာကြတော့တာပေါ့…