မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့ရှိ ကွန်ပျူတာ တက္ကသိုလ်(ပင်လုံ)၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ် ပါမောက္ခချုပ် နှင့် ဆရာ/ဆရာမများ၊ အကဲဖြတ်ဒိုင် အဖွဲ့ဝင်များ၊ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင် အဖွဲ့ဝင်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူ များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။