မြန်မာနိုင်ငံပြင်ပကို ဗဟိုပြု၍ ရစ်(ခ်)တာစကေး (၆) အဆင့် အင်အားရှိ မြေငလျင် လှုပ်ခတ်

မြန်မာနိုင်ငံပြင်ပကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၆ ဒသမ ၀ အဆင့် အင်အားရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃) နာရီ၊ (၅၉) မိနစ်၊ (၄၁) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၂၇၇) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်ပ (South Indian Ocean)၊ တောင်လတ္တီတွဒ် (၀.၂၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၈၈.၇၀) ဒီဂရီ၊ အနက် (၁၁) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။