မောင်တောမြို့နယ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မှကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် ပါဝင်သောသမားတော်၊ ခွဲစိတ်ပါရဂူ၊ မျက်စိပါရဂူ၊ ကလေးပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ အထွေထွေရောဂါကုသရေး ပါရဂူများသည် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီမှ စ၍ သီရိမင်္ဂလာခန်းမတွင် ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများအား မျက်စိရောဂါ ၊ သွား နှင့် ခံတွင်းရောဂါ ၊ ကလေးရောဂါ ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ ၊ အထွေထွေရောဂါ နှင့် ပတ်သတ်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ ECG နှင့် အမ်ထရာ ဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများကို ကျန်းမာရေးကာကွယ်စောင့်ရှောက်ဆောင်ရွက်ပေးပြီး လူနာ စုစုပေါင်း (၁၃၅၁)ဦးအား အခမဲ့ဆေးကုသမှု ပေးခဲ့ကြောင်းသိရှိရပါတယ်။