မောင်ကိန်းရွှေဆိုင်အပါအဝင် ရွှေဆိုင်နှင့် ရွှေလုပ်ငန်း ၇ ခုကို အရေးယူ

ရန်ကုန်မြို့က နာမည်ကြီးရွှေဆိုင်တစ်ဆိုင်ဖြစ်သည့် မောင်ကိန်းရွှေဆိုင်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ရွှေဆိုင် ၃ နှင့် မန္တလေးတိုင်းဒေသကြီးမှ ရွှေလုပ်ငန်း ၄ ခု၊ စုစုပေါင်း ၇ ခုတိုကို ယနေ့ မတ်လ ၂ ရက်တွင် အရေးယူမှုများ စတင်ပြုလုပ်ခဲ့ကြောင်း ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်

၎င်းရွှေဆိုင်များမှာ ရန်ကုန်တိုင်းဒေသကြီးမှ မောင်ကိန်းရွှေဆိုင်၊ နယူးတိုင်စင်ရွှေဆိုင်နှင့် ခရမ်းသုံးခွရွှေဆိုင်တိုဖြစ်ကြပြီး မန္တလေးတိုင်းဒေသကြီးမှ ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသား ရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ် ရွှေရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာရွှေ ရွှေဆိုင်လုပ်ငန်းတို ဖြစ်ကြပါတယ်

ထိုရွှေဆိုင်နှင့် ရွှေလုပ်ငန်းများသည် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်းအပါအဝင် ရွှေရောင်းဝယ်သူများ လိုက်နာရမည့် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်ခဲ့သည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်

သိုဖြစ်သဖြင့် အဆိုပါ ရွှေဆိုင်နှင့် ရွှေလုပ်ငန်းများကို အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် အသိပေးမှတ်တမ်းတင်လက်မှတ်ရေးထိုးစေခြင်း၊ လုပ်ငန်းယာယီရပ်ဆိုင်းခြင်းအပါအဝင် လိုအပ်သည့် အရေးယူမှုများကို သင်ဆိုင်ရာဥပဒေပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။