မေလ ၃၁ ရက်နေ့ မှုခင်းသတင်းများ

-မေလ ၃၀ ရက်နေ့ ၂၀၀၀ နာရီချိန်တွင် ပေါင်မြို့နယ်၊ နတ်မှော်ကျေးရွာတွင် နေထိုင်သော ဦးသန်းဌေး(၅၂) နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား PDF ၂ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသန်းဌေးမှာ ဝဲရင်အုံကျည်ဖောက်ဝင် ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ..

-မေလ ၃၀ ရက်နေ့ ၁၉၀၅ နာရီချိန်တွင် ရန်ကင်းမြို့နယ်၊ (၂) ရပ်ကွက်၊ ရန်အောင်လမ်းတွင်နေထိုင်သော ဒေါ်လီလီနိုင်စိုး(ခ) လီလီနိုင်ကျော် (၅၈) နှစ် သရုပ်ဆောင်/အဆိုတော်သည် အပြင်မှ နေအိမ်သို့ ပြန်လာစဉ် နေအိမ်တိုက်ခန်းရှေ့အရောက် လမ်းလျှောက်လာသည့် ကျား ၁ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ‌ဒေါ်လီလီနိုင်စိုး(ခ) လီလီနိုင်ကျော် တွင်ယာပါး ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆရက(၁/၁၀၀၀) သို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရှိရ..

-မေလ ၃၀ ရက်နေ့ ၁၂၄၅ နာရီချိန်တွင် မြင်းခြံမြို့နယ်၊ သမုန်းကိုင်းကျေးရွာတွင် နေထိုင်သော သီဟစိုးမြင့် (၂၇) နှစ်သည် ဆိုင်ကယ်ဖြင့် သင်ပြွန်းကျေးရွာရှိ သူငယ်ချင်းမင်္ဂလာဆောင်သို့ သွားရောက်စဉ် သင်ပြွန်းကျေးရွာနားအရောက် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်နောက်မှ လိုက်လာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် သီဟစိုးမြင့်မှာ ဝဲမျက်ခုံး၊ ယာရင်ညွှန့်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကြောင်း သိရှိရ..