မေလ ၂၉ ရက်နေ့ မှုခင်းသတင်းများ

– မေလ ၂၇ ရက်နေ့ ရွှေဘိုမြို့နယ်၊ အမှတ်(၃) ရပ်ကွက်တွင် နေထိုင်သော ဦးမျိုးသန့်ဇင်ထွန်း (၃၁) နှစ်သည် ယောက်ဖဖြစ်သူဦးဇော်ဝင်းလတ်နေထိူင်သော ဥသျှစ်ကန်ကျေးရွာအနီးရှိ ငါးသားဖောက်စခန်း သို့အလည်သွားရောက်စဉ် PDF အကြမ်းဖက်သမားများရောက်ရှိလာပြီး ဦးဇော်ဝင်းလတ် ရှိ/မရှိအား မေးမြန်းပြီး မရှိသဖြင့် ဦးမျိုးသန့်ဇင်ထွန်းနှင့် နေ့စားဝန်ထမ်း ဦးသန်းနိုင်စိုးတို့အား ဖမ်းဆီးသွားခဲ့ပြီး ဦးသန်းနိုင်စိုးကိုသာ ၁၆၀၀ နာရီတွင် ပြန်လွှတ်ပေးခဲ့ပြီး ဦးမျိုးသန့်ဇင်ထွန်းအား ဆက်လက်ဖမ်းဆီးထားခဲ့ရာ ၂၈ ရက်နေ့ ၁၀၃၀ နာရီချိန်တွင် ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာတောင်ဘက် မူးမြောင်းအတွင်းတွင် ဦးခေါင်းပြန်ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရှိခဲ့..

-မေလ ၂၈ ရက်နေ့ ၂၀၄၅ နာရီချိန်တွင် ချမ်းအေးသာဇံမြို့နယ်၊ ပြည်ကြီးမျက်ရှင် ရပ်ကွက်တွင် နေထိုင်သော ဦးဘသန်း၏ ကုန်စုံဆိုင်သို့ အကြမ်းဖက်သမား ၃ ဦးမှ ဆိုင်ကယ်၁ စီးဖြင့်ရောက်ရှိလာပြီးနေအိမ်တတိယထပ်တွင် နေထိုင်သော ဆွေလွင်ဦး(ခ) အောင်မျိုးဆွေ(၃၂) နှစ်အား လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဆွေလွင်ဦး(ခ) အောင်မျိုးဆွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-မေလ ၂၇ ရက်နေ့ ၂၃၁၅ နာရီချိန်တွင် အောင်မြေသာဇံမြို့နယ်၊ ညောင်ကွဲရပ်ကွက် ၁၁ လမ်း၊ ၈၇ x ၈၈ လမ်းကြားရှိ Drink&Eat စားသောက်ဆိုင်ရှေ့သို့ အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီးကြိုးဆွဲလက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွဦးခဲ့သဖြင့် လက်ပစ်ဗုံးမှာ ဆိုင်ရှေ့သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ဝန်ထမ်းဖြစ်သူ ဇော်သက်(၂၃) နှစ်မှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရ..

-မေလ ၂၈ ရက်နေ့ ၁၆၄၅ နာရီချိန်တွင် မိုးကုတ်မြို့၊ မင်းတံတားရပ်ကွက်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ အကြမ်းဖက်သမားများမှ ရုံးအရှေ့တောင်ဘက် မီတာ ၂၀၀ ခန့်ကွာရှိတောင်ကုန်းပေါ်မှ ၄၀ မမ ဗုံးသီး ၂ လုံးဖြင့်ပစ်ခတ်ခဲ့သဖြင့် ဗုံးသီး ၂ လုံးမှာ ရုံးရှေ့စင်ဝင် အနီးကျရောက်ပေါက်ကွဲခဲ့ဖြင့် အဆောက်အဦးအနည်းငယ်ပျက်စီးခဲ့ကြောင်း သိရှိရ…