Ayeyarwaddy Times Page က ရေးတဲ့ မုပ္ပလင်သတင်းအတု

မွန်ပြည်နယ်၊ မုပ္ပလင်တွင် စစ်ယာဉ်တန်းကို ဇူလိုင်လ ၁၂ ရက် နေ့လယ် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း Ayeyarwaddy Times Page မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၂ ရက်နေ့တွင် မွန်ပြည်နယ်၊ မုပ္ပလင်တွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရခြင်းမရှိသလို လုံခြုံရေးတပ်ဖွဲ့ဝင်များသေဆုံးခဲ့ခြင်းမရှိကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Ayeyarwaddy Times Page မှ ဖြစ်စဉ်မရှိဘဲ စိတ်ကူးပုံဖော်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FACT-CHECK