မုဒုံက ဆရာဝင်းမင်းထွန်း ရေးထားတဲ့ကဗျာလေးပါ

တပ်မတော်ဂုဏ်ရောင် အမြဲထွန်းပြောင်

မြန်မာ့တပ်မတော် ဒို့တပ်မတော်သည်
မြန်ပြည်အလွှား လွန်ထင်ရှား၍
အာရှကျားပင် စာရင်းဝင်၏။
စစ်သုံးလက်နက် ယာဥ်* လက်နက်* လူ*
တွဲညီတူ၏။
မြေပိုင်နက် ( ကြည်း) ရေပိုင်နက် ( ရေ )
ပိုင်နက် ( လေ ) လည်း လွတ်လပ်ပြီးမှ
ယနေ့မှသည် နှစ်ရာချီထိ
လက်တွဲညီညီ ဒို့ကာကွယ်သည်
မြန်ပြည်လူအများ သိစေငြား၏။
ယခုအခါ ပြည်မြန်မာဝယ်
အတွေးလွဲချော် ဆုံးဖြတ်ချော်၍
လူငယ်အများ တိမ်းမှောက်မှားသည်
ပြည်ပအဆိပ် C* R* PH နှင့်

ပါးစပ်စစ်ချီ N U * G လည်း

နိုင်ငံခြားငွေ သူပေးဝေသည် သူပုန်တစ်သိုက်

လွန်ချိုမြိုက်၏ ။

မြန်ပြည်ကိုဖျက် P D * F* လည်း
အသိအလင်း ဉာဏ်၌ထင်း၍
ချစေလက်နက် အကျိုးတက်မည်
အဘယ်မှာ(ဒုက္ခ) နီးမည်နည်း
တပ်မတော်သည်ကား သမိုင်းစဥ်ဆက်
ဝိုင်းပင်နှက်လည်း
ပြည်တွင်းရန်မက. ပြည်ပရန်ပါ
လက်တွဲညီညီ အမြဲသာတွယ်မည်
အဘယ်မှာ ( ဒို့ ) တုန်လှုပ်မည်နည်း။

ဒုတက – ဝင်းမင်းထွန်း