မိုက်ကယ်နဲ့ AAC ရဲမင်းတို့ရဲ့ စားခွက်လုပွဲ

AAC ရဲမင်းရဲ့ မိန်းမနဲ့ ကလေးကို မိုက်ကယ်က ပြဿနာရှာတော့ ရဲမင်းခဗျာ ပေါင်ပေါ် မီးခဲကျဖြစ်ပြီး Live လွှင့် ပြန်ခွပ်နေတာ…ရဲမင်း‌ထောက်ပို့လုပ်နေတဲ့ KNU/PDF တွေကတော့ ပြည်သူတွေကို သတ်နေကြတာကြတော့..တော်လှန်ရေးလုပ်နေလို့ မရှောင်သာလို့ သေကြရတယ်ဆိုပြီး ခေါင်းစဉ်တပ်ကြတယ်….သူ့မိသားစုကို ခြိမ်းခြောက်နေတုန်းရှိသေးတယ်..ကိုယ့်ပေါ်ကျတဲ့ မီးခဲမှ ပူတယ်ထင်နေလေရဲ့…

မိုက်ကယ်က ရဲမင်းနဲ့ သူ့မိန်းမက အလှူငွေတွေနဲ့ ကားဝယ်စီးနေတာကို ပြောဆိုခဲ့တာကို ရဲမင်းအနေနဲ့ အိုးမလုံပြီး LIVE လွှင့်ပြောနေခဲ့တာပဲဖြစ်ပါတယ်။ ရဲမင်းမိန်းမရဲ့ တပည့်ဖြစ်သူ မုန်တိုင်းက ငွေတွေအလွှဲသုံးစား လုပ်လို့ ပြောဆိုရင်းကနေ နှစ်ယောက်ကြား ပွဲဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ရဲမင်းတပည့်ကို ဖမ်းပြီး နိုင်ငံတော်အစိုးရကို ပြန်ပေးမယ်ဆိုတာကို ပြန်ပေးရမလားဆိုပြီး ရဲမင်းက မိုက်ကယ်ကို အခဲမကျေနေခဲ့တာလည်း ဖြစ်ပါတယ်။

Live လွှင့်ပြောဆိုရင်း စလုံးအဖွဲ့ရဲ့ စခန်းမှာ pdf အမျိုးသမီးတွေကို မုဒိမ်းကျင့်နေတာတွေကိုပါ ထည့်သွင်းပြောဆိုသွားခဲ့တာလည်း ဖြစ််ပါတယ်။ သူတို့တွေ အနေနဲ့လည်း စခန်းတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက မိန်းကလေး PDF တွေကို လိင်အမြတ်ထုတ်/ မုဒိမ်းကျင့်နေကြတာကို သိသိကြီးနဲ့ နေနေကြတာ..ဘယ်မှာလည်း တရားမျှတမှု? ဒါတွေကို သူတို့မှာ ရပိုင်ခွင့်မရှိကြဘူး….