မိမိကိုယ်ကို ဆုံးမသွန်သင်နိုင်ရမယ်

လူတွေက သူများကိုတော့ အနိုင်ယူချင်ကြတယ်။
သူများကိုနိုင်တာ လွယ်တယ်။
ကိုယ့်ကိုယ်ကိုနိုင်ဖို့ရာ ခက်တယ်။

အောင်နိုင်မှုများစွာ ရှိတဲ့အထဲမှာ
ကိုယ့်ကိုယ်ကို အောင်နိုင်ခြင်းဟာ
အကောင်းဆုံးပဲလို့ ဆိုတယ်။

ဒါဖြင့် ကိုယ့်ကိုယ်ကို အောင်နိုင်အောင်
ဘာလုပ်ရမလဲ..??

လူတွေက သူများကိုတော့ အနိုင်ယူချင်ကြတယ်၊ သူများကိုနိုင်တာ လွယ်ကူတယ်။
ကိုယ့်ကိုယ်ကိုနိုင်ဖို့ရာခက်တယ်ပေါ့။

ဘာကြောင့် ကိုယ့်ကိုယ်ကို နိုင်ဖို့ရာ ခက်သလဲဆိုရင် “အတ္တာဟိ ကိရဒုတ္တမော”တဲ့
ကိုယ့်ကိုယ်ကိုဆုံးမဖို့ခက်တယ်။
လူတွေက ကိုယ့်ကိုယ်ကိုကျတော့ ခွင့်လွတ်ပြီးသား ဖြစ်နေတတ်တယ် အမြဲတမ်းနော်။

လူဆိုးတစ်ယောက်ကတောင် သူ့ကိုယ်သူ ဘယ်လိုပြောလဲဆို သူဆိုးလို့မဟုတ်ပါဘူး အများကသူ့အပေါ်ဆိုးလို့ သူဆိုးနေတာပါတဲ့။
အများက သူ့အပေါ်ကောင်းရင် သူကောင်းမှာပါဆိုတဲ့ အတွေးအခေါ်မျိုးဟာ လူဆိုးတစ်ယောက်မှာတောင် ရှိတတ်တယ်။

ဒါကြောင့်မို ကိုယ့်ကိုယ်ကိုကျတော့ ခွင့်လွတ်ခြင်းနဲ့ အမြဲတမ်း စဉ်းစားတယ်။
စဉ်းစားကြည့်လေ တစ်စုံတစ်ခု မတော်တဆ လက်ထဲကလွတ်ကျလို့ ထိခိုက်သွားတယ်ဆိုရင် သူများကျရင် ဘယ်လိုပြောတုန်း ဒီကောင် နမော်နမဲ့နိုင်လိုက်တာ ပြောတယ်။

ကိုယ့်ကိုယ်ကိုကျတော့ ဘာတဲ့ “မတော်လို့”
ကိုယ့်ကိုယ်ကိုကျ မတော်လို့ပဲ ပြောတယ်။
သူများကျတော့ မတော်လို့ မပြောနိုင်ဘူး နမော်နမဲ့နိုင်တယ် ဂရုမစိုက်ဘူးလို့ အပြစ်တင်တယ်။

အဲ့ဒါဟာ”အတ္တာဟိ ကိရဒုတ္တမော”
ကိုယ့်ကိုယ်ကို ဆုံးမဖို့ရာအလွန်ခက်တယ်တဲ့။

ဒါကြောင့်မို့ ကိုယ့်ကိုယ်ကို ဆုံးမနိုင်ရမယ်။

မိဘဆရာသမားဆုံးမလို့ဆိုတာ အပြည့်အဝနားထောင်ချင်မှ နားထောင်နိုင်မှာဖြစ်တယ်။
ရှေ့မှာနားထောင်သော်လည်း ကွယ်ရာနားထောင်ချင်မှ နားထောင်မှာ အဲ့တော့ ကိုယ့်ကိုယ်ကိုဆုံးမတဲ့သူက ရှေ့တမျိုးကွယ်ရာတမျိုး မဖြစ်တော့ဘူး။

အမြဲတမ်း မိမိဟာ မိမိနဲ့အတူရှိနေတာ ဖြစ်သောကြောင့် ရှေ့တမျိုး ကွယ်ရာတမျိုး မဖြစ်တော့ပဲနဲ့ ကိုယ့်ကိုယ်ကို ဆုံးမခြင်း ကိုယ့်ကိုယ်ကို အနိုင်ယူခြင်းဟာ အကောင်းဆုံးသော အနိုင်ယူခြင်းလို မြတ်စွာဘုရားက ဟောခဲ့တာဖြစ်တယ်။

ပါချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏