မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ “ကံ၊ကံ၏အကျိုး” တရား

ဒီလိုဆုတ်ခေတ်ကြီးမှာ လူသားတွေ ၅ပါးသီလမြဲဖို့လိုအပ်တယ်။
သီလမြဲဖို့ကိုယ်တိုင်စောင့်ထိန်းမှရပါမယ်။ ကိုယ်တိုင်ကျင့်ကြံမှရပါမယ်။
ကံဆိုတာလူကလုပ်တာမို့ ကံရဲ့အကျိုးဟာ ကိုယ်လုပ်တဲ့အကျိုးပါပဲ။
မဟာဗောဓိမြိုင်ဆရာတော်ကြီး ဟောကြားတဲ့ဉပမာအရ-
ယာသမားကြီးက နွားလှည်းနဲ့ယာထဲကပြန်လာရင်း
နွံထဲနစ်တော့ တောပိုင်၊ တောင်ပိုင်ဆီကို ဆုတောင်းပါတယ်။
ဒီတော့ တောပိုင်ကြီးက မနေနိုင်ပဲ လူယောင်ဖန်ဆင်းပြီး ပြောရတယ်။
“ငါချည်းပဲတွန်းလို့မရဘူးလေ၊ မင်းလဲဆင်းတွန်းဦး၊ ဆုတောင်းနေတာနဲ့ပဲ
ရွေ့လာမှာမဟုတ်ဘူး” ဆိုပြီးတော့ပေါ့။
ဒီလိုပါပဲ လူတွေဟာလဲ ငါးပါးသီလတောင်လုံအောင်မစောင့်ထိန်းနိုင်ဘဲ
လိုချင်တာကိုပဲဆုတောင်းနေလို့မရဘူးဆိုတဲ့ တရားသဘောကို ဟောပြောသွားတာဖြစ်ပါတယ်။
ထပ်ပြီးတော့ ဆရာတော်ကြီး ဉပမာပေးတာက “ဥတုသွေးထိုးရင် အပူပဲဖြစ်ပါတယ်”တဲ့
ရာသီဥတုဖောက်ပြန်တာကြောင့် မိုးနဲ့နွေပဲကျန်ပြီး ဆောင်းပျောက်နေတဲ့ ဥတုမှာ
ပိုပြီးပူလာဖို့ပဲရှိပါတယ်။ ဥတုပျက်တာကြောင့် ဥတုမီတဲ့အစာက သြဇာသတ္တိမရှိတော့ဘူး။
ဒီတော့ အစွမ်းသတ္တိမဲ့တဲ့အစာကိုစားရင် ဗိုက်တင်းအောင်စားလည်း အာဟာရမဖြစ်တော့ဘူး။
အစာကြမ်းသပ်သပ်ဖြစ်လာတော့ အစာကြမ်းကိုစားတဲ့လူတွေလဲ စိတ်ကြမ်းလာကြတယ်။
စိတ်ကြမ်းလာတော့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ သည်းခံနိုင်စွမ်းမရှိကြတော့ဘူး။
တရားသဘောကို မဆောင်နိုင်ကြတော့ ဆင်ခြင်နိုင်စွမ်းနည်းလာကြပြီး
အမှားလွယ်လွယ်လုပ်လာကြတဲ့ သဘောပါပဲ။ ဒါကြောင့် တရားဓမ္မနဲ့အညီ ငါးပါးသီလကို
လုံအောင်စောင့်လို့ အရာရာကို တရားနဲ့ဆင်ခြင်မှသာ အေးချမ်းနိုင်မယ်ဆိုတဲ့အကြောင်း
ဝေမျှပေးလိုက်ရပါတယ်ရှင်။