မလိုင်ပေါက်ဆီလုပ်စားရအောင်

ပါ၀င်သောပစ္စည်းများ ( တစ်ပွဲစာအတွက် )
၁။ ပေါက်ဆီအလွတ် (မန်ထို) – ၂ လုံး
၂။ နွားနို့ပူပူ – ၁ ခွက်
၃။ နို့စိမ်း – ထမင်းစားဇွန်း ၂ ဇွန်း (သို့မဟုတ်) ၃ ဇွန်း
၄။ ထောပတ်အရည် – လက်ဖက်ရည်ဇွန်း တစ်၀က်
၅။ မလိုင် – ထမင်းစားဇွန်း ၁ ဇွန်း
၆။ နို့ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၇။ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ သီဟိုဉ်စေ့ – အနည်းငယ်
၉။ အုံးသီးခြစ်ဖတ် – အနည်းငယ်
၁၀။ စပျစ်သီးခြောက် – အနည်းငယ်
၁၁။ ဖရုံယို – အနည်းငယ်

ပြုလုပ်နည်း 
နွားနို့ကို ပူကျက်နေအောင် လုပ်ထားပါ။ ပန်းကန်ထဲမှာ ပေါက်ဆီအလွတ်ကို ထည့်ပြီး တစ်ခုစီကို ၂ ပိုင်းဖြစ်အောင် ကပ်ကြေးဖြင့် ညှပ်ထားပါ။ ပေါက်ဆီပေါ်ကို နွားနို့ပူပူဆမ်း၊ မလိုင်နှင့် နို့စိမ်းထည့်၊ နို့ဆီကို အနှံ့ဆမ်းပါ။ သကြား၊ သီဟိုဠ်စေ့၊ အုံးသီးခြစ်ဖတ်၊ စပျစ်သီးခြောက်၊ ဖရုံယိုတို့ကို အနှံ့ဖြူး၊ နောက်ဆုံးမှ ထောပတ်အရည်လေးကို အနှံ့ဆမ်း၍ သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်။    ။  ၁ခွက် =240 ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း 
                     ထမင်းစားဇွန်း ၁ ဇွန်း = 1 Tablespoon= 15ml
                     လက်ဖက်ရည်ဇွန်း ၁ ဇွန်း = 1 Teaspoon= 5 m